[Unicode]
[Zawgyi]
နိုင်ငံတကာတွင် လူကြိုက်များထင်ရှားတဲ့ အွန်လိုင်းအစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း foodpanda အား ခမ်းနားကြီးကျယ်လှသော ဖွင့်ပွဲအခမ်းအနားနှင့်အတူ မြန်မာနိုင်ငံတွင် ယနေ့မိတ်ဆက်ခဲ့ပါတယ်။ foodpanda ဟာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တွင် ဝန်ဆောင်မှုများအား စတင်ပေးအပ်သွားမှာဖြစ်ပြီး စားသောက်ဆိုင်ပေါင်း ၁,၀၀၀ ကျော်မှ စားသောက်ဖွယ်ရာများအား မှာယူသူများထံသို့ အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာဖြင့် အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။
စားသုံးသူများအနေနှင့် KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms coffee အပါအဝင်နိုင်ငံတကာတွင် လူကြိုက်များကျော်ကြားသော စားသောက်ဆိုင်များအပြင် ရန်ကုန်မြို့တွင်း လူကြိုက်များကျော်ကြားသော ပြည်တွင်းစားသောက်ဆိုင်များဖြစ်တဲ့ YKKO၊ တင့်တင့်မြန်မာ၊ ရန်ကုန်တီးဟောက်စ်၊ ရှမ်းရိုးရာ၊ The Pansodan၊ Mr.Chef တို့အပါအဝင် အခြားစားသောက်ဆိုင်များမှ အစားအသောက်များကို လွယ်လွယ်ကူကူ စိတ်ကြိုက်ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားအား ရန်ကုန်မြို့၊ Times City outdoor area တွင် ကျင်းပခဲ့ပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌ ဆရာဦးသောင်းတင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်လတ်၊ စားသုံးသူရေးရာဌာန ညွှန်ကြားရေးမှူး ဗိုလ်ကြီးကျော်ကျော်လွင်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာနယ်ဇင်းများနှင့် ရာပေါင်းများစွာသော ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စားသောက်ဆိုင်ပေါင်း ၂၀ ကျော်မှ ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချခဲ့ကြသည်အပြင် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များ၊ နာမည်ကျော် အဆိုတော်များ ဖြစ်ကြသည့် လွှမ်းပိုင်၊ Bobby Soxer၊ X Boxin၊ မေရီနှင့် Paul Austin တို့၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့ပါတယ်။
“foodpanda က ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် မှာယူအားပေးသူတွေ အနေနဲ့ ဘယ်အချိန်ဘယ်နေရာကနေပဲဖြစ်ဖြစ် သူတို့ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို အလွယ်တကူ မှာယူသွားနိုင်မှာ ဖြစ်ပါတယ်” ဟု foodpanda ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jakob Sebastian Angele မှ ပြောကြားခဲ့ပါတယ်။ “foodpanda လုပ်ငန်းကိုပိုမိုကြီးထွားလာဖို့တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကစားသုံးသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် အဆင့်အမြင့်ဆုံး နည်းပညာတွေ၊ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက foodpanda အတွက် အရေးပါတဲ့ဈေးကွက် တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်” ဟုလည်းထပ်လောင်းပြောကြားခဲ့ပါတယ်။
ယခုအချိန်တွင် ရန်ကုန်မြို့တွင် နေထိုင်သူများသည် foodpanda ရဲ့ ဝန်ဆောင်မှုများနှင့်အတူ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား မိတ်ဆွေများ၊ မိသားစုများနှင့် သို့မဟုတ် တစ်ဦးတည်းသီးသန့် သုံးဆောင်နိုင်ရန် ၎င်းတို့၏ နေအိမ်များ၊ ရုံးခန်းများ အပါအဝင်ပို့စေလိုသော နေရာများသို့ အချိန်မရွေး၊ နေရာမရွေး အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာ မှာယူသွားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် foodpanda ဟာ စားသောက်ဖွယ်ရာများအား မည်သည့်ပမာဏ မှာယူသည်ဖြစ်စေ ပို့ဆောင်ခ အခမဲ့ (free delivery) ဝန်ဆောင်မှု ကိုလည်း ပေးအပ်ထားသည့်အတွက် မှာယူအားပေးသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီးသက်သက်သာသာ မှာယူနိုင်မည် ဖြစ်ပြီး မှာယူထားတဲ့ စားသောက်ဖွယ်ရာများအား အချိန်တိုအတွင်း အမြန်ဆုံး မှာယူသူများ၏ လက်ထဲသို့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။
အာရှ ပစိဖိတ်ဒေသအတွင်း အကောင်းမွန်ဆုံးသော စားသောက်ဖွယ်ရာ များအား မှာယူသူများထံ ပို့ဆောင်ပေးရန် ဟူသည့် ရည်ရွယ်ချက်အား လက်စွဲထားသည့် foodpanda အတွက် မြန်မာနိုင်ငံသည် ၁၀ ခု မြောက် ဈေးကွက်ဖြစ်လာခဲ့ပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များနှင့် ပြည်သူလူထု များအတွက် အကောင်းဆုံးအစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုကိုပေးနိုင်မည်ဖြစ်သည်။
“foodpanda အနေနဲ့ မှာယူအားပေးသူတွေရဲ့ အစားသောက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသောက်လိုကြတယ်ဆိုတဲ့ ဆန္ဒကို အမြဲတမ်း အလေးထားပြီးလုပ်ဆောင်ကာ အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအပေါ် လူတွေရဲ့ အမြင်နဲ့ ခံစားချက်ကို ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်နေပါတယ်။” ဟု မြန်မာနိုင်ငံ၏ Managing Director ကိုဇေယျာမင်းမှ ပြောကြားခဲ့ပါတယ်။ “ဘယ်လို အစားအသောက်မျိုးကိုပဲမှာယူသည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ မှာယူအားပေးသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာပါ ” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု တစ်ခု ဖြစ်တဲ့ Delivery Hero ၏ ကုမ္ပဏီခွဲ ဖြစ်သော foodpanda ဟာ ကမ္ဘာတစ် ဝန်းရှိ မှာယူအားပေးသူများ အတွက် ပြည်တွင်းစားသောက်ဆိုင်များမှ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။ စတင်တည်ထောင်ချိန်မှစ၍ ယခုလက်ရှိတွင် foodpanda ဟာ ကမ္ဘာတစ်ဝန်း အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ (ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား)၊ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက် စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။
အစားအသောက် မှာယူပုံအဆင့်
အစားအသောက်မှာယူလိုသူများအနေနဲ့ foodpanda ရဲ့ ဝက်ဘ်ဆိုဒ် သို့မဟုတ် iOS နှင့် Andriod အက်ပလီကေးရှင်းများမှတစ်ဆင့် မိမိလက်ရှိတည်နေရာကို ထည့်သွင်းပြီး အနီးအနားတွင် တည်ရှိသည့် မှာယူနိုင်သော စားသောက်ဆိုင်စာရင်းများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မိမိမှာယူလိုသော အစားအသောက်ကို ရွေးချယ်ပြီးပါက ပို့ဆောင်စေလိုသောရုံး သို့မဟုတ် အိမ်လိပ်စာသို့ အိမ်အရောက်ငွေချေစနစ်ဖြင့် လွယ်ကူသက်သာစွာ မှာယူနိုင်ပါတယ်။ မှာယူမှု ပြီးသွားသည်နှင့် တစ်ပြိုင်နက် စားသောက်ဆိုင်မှ မိမိမှာယူလိုက်သော အစားအသောက်ကို ဂရုတစိုက် ပြင်ဆင်ပေးမှာဖြစ်ပြီး foodpanda rider မှ အစားအသောက်များကို မိမိမှာယူထားသော လိပ်စာသို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။
အစားအသောက်မှာယူခြင်းကို အစားအစာသက်သက်သုံးဆောင်ခြင်းမဟုတ်ပဲ မှာယူသည့်အတွေ့အကြုံတစ်ခု လုံးအကောင်းဆုံးဖြစ်စေရန် foodpanda ကမှာယူသည့်အဆင့်များကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ထားပါတယ်။ အသုံးပြုသူများသည် စားသောက်ဆိုင်တိုင်း၏ အရောင်းရဆုံး အစားအစာများကို လွယ်လွယ်ကူကူ သိရှိနိုင်ပြီး မိမိစိတ်ကြိုက် အစားအသောက်များကို မြန်မြန်ဆန်ဆန် မှာယူနိုင်မည်ဖြစ်ပါတယ်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်နှင့် ချိတ်ဆက်ထားပြီး နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ မှာယူသုံးဆောင်နိုင်ပါပြီ။ သင့်ရဲ့ ပထမဆုံး foodpanda မှအစားအသောက်မှာယူမှုအတွေ့အကြုံကို ရရှိခံစားနိုင်ရန် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲ၍သော်လည်းကောင်း www.foodpanda.com.mm မှတစ်ဆင့် သော်လည်းကောင်းမှာယူနိုင်မှာဖြစ်ပါတယ်။












