အခြားစားသောက်ဆိုင်တွေနဲ့မတူ ရန်ကုန်မြို့မှာတစ်ဆိုင်သာရှိတဲ့ “Prime Grill Mediterranean” စားသောက်ဆိုင်လေးဆိုရင် စိတ်ဝင်စားတယ် ဟုတ်
ဆန်းသစ်တဲ့ Mediterranean အစားအသောက်လေးတွေကိုမှ စားချင်တဲ့သူတွေအတွက် အရောင်စုံခမ်းနားတဲ့ နေရာထိုင်ခင်းလေးနဲ့” Prime Grill ” စားသောက်ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။
ဒါကတော့ Page ရဲ့ Link လေးပါ။ https://web.facebook.com/primegrillyangon/
ဆိုင်ကိုသွားဖြစ်ခဲ့ပုံလေး
ရန်ကုန်မြို့မှာ အကောင်းဆုံးစားသောက်ဆိုင်တစ်ခုအဖြစ် စာရင်းဝင်တဲ့ဆိုင်လေး (Myanmore Dining and Nightlife Awards 2018 Top 100 List) တဲ့။ ရန်ကုန်မြို့မှာ တစ်ဆိုင်ထဲရှိတဲ့ Mediterranean စားသောက်ဆိုင်လေးလည်းဖြစ်လို့ လက်လွတ်ခံလို့ မဖြစ်ဘူးလေ။ ဒဂုံ ၁ ကျောင်းအနီးဆိုတော့ ရှာရလည်းလွယ်၊ မြို့ထဲလည်းဖြစ် အရမ်းအဆင်ပြေသွားတာပေ့ါ။ Mediterranean စားသောက်ဖွယ်ရာတွေဟာ ကမ္ဘာပေါ်က အခြားအစားအသောက်တွေနဲ့မတူ တမူကွဲပြားလို့ ဘယ်လိုနိုင်ငံသားမဆို ကြိုက်နှစ်သက်ကြတဲ့ အစားအစာပဲ ဖြစ်ပါတယ်။
ဒီထက်ပိုထူးခြားတာက ဟင်းလျာတွေကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ပြီး အစားအသောက်တိုင်းလိုလိုက ကျန်းမာရေးနဲ့ အထူးညီညွတ်တာပါပဲ။ နိုင်ငံခြားက Chef တွေကိုယ်တိုင် Trained လုပ်ထားတဲ့ စားဖိုမှုးတွေ ချက်ပြုတ်တာဖြစ်လို့ လက်ရာကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပြီး ဈေးနှုန်းကလည်းသင့်တင့်မှု ရှိပြန်ပါတယ်နော်။ အားလုံးအတွက် အဆင်ပြေတာတစ်ခုက Prime Grill မှ စားသောက်ဖွယ်ရာတွေကို လူမျိုးဘာသာမရွေး စားနိုင်တာပဲ ဖြစ်ပါတယ်။
ဆိုင်တည်နေရာနဲ့ အပြင်အဆင်
ဆိုင်လေးက န၀ဒေးလမ်းလေးထဲမှာ ထင်းနေတာပဲ။ လမ်းထဲကို ဖြတ်မိတာနဲ့ တွေ့လိုက်တဲ့ ဆိုင်မျက်နှာစာလေးက အပြင်အဆင်နဲ့ အရောင်ကြောင့် မဖြစ်မနေသွားရမယ့် ဆိုင်တစ်ခုအဖြစ် သတ်မှတ်နိုင်အောင်ကို ဖမ်းစားထားတယ်။ အထဲကို ရောက်သွားတော့လည်း Wow မိုက်တယ် ဆိုတာမျိုး ဖြစ်သွားစေပြီး ရင်သတ်ရှုမောဖြစ်စေပါတယ်။ Colorful ဖြစ်လှတဲ့ အရောင်ရွေးချယ်မှုနဲ့ မီးအလင်းအမှောင်ဆင်ထားပုံလေးက တကယ့်ကို Cozy ဖြစ်လွန်းတာကြောင့် ဆိုင်ထဲဝင်လိုက်တာနဲ့ ပြန်ထွက်ချင်စိတ်မရှိအောင်ကို ဆွဲဆောင်ထားနိုင်ပါတယ်။
အစားအသောက်
ပထမဆုံးစားဖြစ်တဲ့ ” Carrot Soup” မှာ စကြွေတာပဲ။ လူကြိုက်အများဆုံးတစ်ခုဖြစ်ပြီး ရိုးရှင်းပြီး အာဟာရပြည့်ဝတဲ့ စွတ်ပြုတ်လုိ့ စားသောက်ဆိုင်မန်နေဂျာက ရှင်းပြပါတယ်။ သူ့ရဲ့ Taste က အရမ်း Smooth ဖြစ်ပြီး Creamy ပုံစံဖြစ်တာမို့ ပုံမှန်စားနေကျတွေနဲ့ မတူပါဘူး။ လတ်လတ်ဆတ်ဆတ်ရှိတာကြောင့်လည်း နှစ်သက်မိတာအမှန်ပါပဲ။
ခရမ်းရောင်ရွင်ရွင်လေးနဲ့ နောက်ဟင်းလျာလေးကတော့ အခြားဘယ်ဆိုင်မှာမှမရှိသေး မရနိုင်သေးတဲ့ “Moroccan Beetroot Salad” ပဲဖြစ်ပါတယ်။ အရမ်းလတ်ဆတ်လို့ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး သွေးအားကောင်းစေတဲ့ Salad လေးပါ။ မြန်မာခံတွင်းနဲ့တော့ သိပ်မအပ်စပ်ပေမယ့် အရသာအသစ်အဆန်းလေးတွေ မြည်းကြည့်ချင်တဲ့သူတွေအတွက်တော့ ကွက်တိပဲ။ အသီးအရွက် ၇ မျိုးနဲ့ အထူးပေါင်းစပ်ထားတဲ့ 7 Ingredients Salad ဟာဆိုရင်လဲ လတ်လတ်ဆတ်ဆတ်ရှိလှပြီး Fata Cheese နဲ့ ဖြစ်တဲ့အတွက် ခံတွင်းတွေ့စရာပါပဲ။
” Lemon Herb Mediterranean Chicken and Potato “
ဒါလေးက စိတ်ဝင်စားစရာကောင်းတယ်။ ကြက်သားကို အာလူးရယ် သံပုရာအနှစ်ရောပြီးချက်ထားတဲ့အပြင် သုံးထားတဲ့ Seasoning တွေကလည်း တကယ့်ကို Authentic ဖြစ်တာကိုတွေ့ရတယ်။ အနံ့ကော အရသာကော တမျိုးလေးဖြစ်ပြီး မကြုံဖူးတဲ့ အသစ်အဆန်းလေးဖြစ်တယ်။ အရောင်းရဆုံး ဟင်းလျာတစ်ခုဖြစ်တဲ့ ” Sharwarma Wrap ” ကတော့ နေ့လည်စာအတွက်ပဲစားမလား။ ညစာအတွက်ပဲလား အကောင်းဆုံးပါပဲ။ အထဲမှာ အမယ်စုံလင်တဲ့ Ingredient တွေပါဝင်ပြီး အာလူးချောင်းလေးတွေ ဘေးနားမှာပုံထားတယ်။ Lemon Sauce နဲ့ ရောစားလိုက်တော့ အစပ်အဟတ်တည့်လွန်းပါတယ်။
” Moroccan Fish “ခေါ်တဲ့ ငါးဟင်းချက်လေးနဲ့ ထမင်းကတော့ မြန်မာအရသာနဲ့ နည်းနည်းဆင်တယ်။ ဒါပေမယ့်သူက စားရတာ ပိုပြီး လတ်လတ်ဆတ်ဆတ်ရှိတဲ့အပြင် Mediterrannean Ingredients တွေကို အသုံးပြုထားလို့ အသစ်အဆန်းလေးဖြစ်နေပါတယ်။ “Appetizer Platter” မှာတော့ Mediterrannean မှာ နာမည်ကြီးတဲ့ Appetiser တွေ ပေါင်းစပ်ပါဝင်ပါတယ်။
အချိုတည်းဖို့ဆို ရန်ကုန်မြို့အခြားဆိုင်တွေမှာမ၇ှိသေးတဲ့ Malabi အချိုပွဲကိုလည်းရနိုင်ပါသေးတယ်။ ချိုအီပြီး အပေါ်က အနီရောင်ခရမ်အနှစ်လေးတွေနဲ့ တွဲစပ်စားရတာ တကယ်ကို ခံတွင်းတွေ့လှပါတယ်။ ၁၇ ရာစုကတည်းကစခဲ့တဲ့ Recipe လေးပါတဲ့။ အာ၇ပ်စစ်ဗိုလ်ချုပ်ကြီး al-Muhallab bin Abi Sufra ကို Persian cook တယောက်က ချက်ကျွေးရင်း ကြိုက်သွားလို့ သူ့နာမည်ကိုခေါ်တွင်စေခဲ့တဲ့အချိုပွဲလေးပါ။
Drink အပိုင်းမှာဆိုရင်တော့ စုံစုံလင်လင်ရရှိနိုင်တာကို တွေ့ရပါတယ်။ အားလုံးထဲမှာ Moroccan Mint Tea လေးကတော့ ထူးခြားလှပါတယ်။ ခွက်တွေ ကယားတွေကလည်း တကယ့် Mediterrannean မှာ သုံးတဲ့ ခွက်အစစ်ကို သုံးထားတော့ ဓာတ်ပုံရိုက်ရင် ရှေးဆန်တဲ့ ပုံမျိုးလေးနဲ့ အရမ်းမိုက်ပါတယ်။ အအီပြေ လန်းလန်းဆန်းဆန်းဖြစ်စေတဲ့ Lemonade Mint drink ကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။
စုံလင်ထူးခြားတဲ့ အစားအသောက်တွေနဲ့အတူ လှပခန်းနားတဲ့ စားသောက်ဆိုင်မှာ မိသားစုနဲ့ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းနဲ့ဖြစ်စေ တန်ဖိုးရှိတဲ့ အချိန်ကုန်ဆုံးချင်သူတွေအတွက် အရမ်းအဆင်ပြေလှတဲ့ ရန်ကုန်မြို့မှာ တစ်ဆိုင်ထဲသာရှိတဲ့ Prime Grill Mediterranean Restaurant လေးကို သွားကြဖို့ အကြံပေးလိုက်ပါရစေရှင့်။
လိပ်စာ : ၁၈ (C) န၀ဒေးလမ်း၊ ဒဂုံ ၁ ကျောင်းအနီး၊ ရန်ကုန်
ဆိုင်ဖွင့်ချိန် : မနက် ၁၀နာရီမှ ည ၁၀ နာရီ
ဖုန်း : 09793808082















