ပိုမို၍ သာလွန်ကောင်းမွန်သော ချက်လုပ်မှု နည်းစနစ်အသစ်ဖြင့် ဖန်တီးထုတ်လုပ်ထားသည့် ပြေပြစ်မျှတသည့် အရသာအသစ်
မြန်မာနိုင်ငံ၏ နံပါတ်တစ် ဘီယာကုမ္ပဏီဖြစ်သည့် မြန်မာ ဘရူရီလီမိတက် (Myanmar Brewery Limited) မှ ပုံစံဒီဇိုင်းအသစ်၊ အရသာအသစ်တို့ဖြင့် ထပ်မံထုတ်လုပ်ထားပြီး ယနေ့တွင် တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်သည့် Kirin Ichiban (ကီရင်အီချီဘန်) ဘီယာသည် ကမ္ဘာပေါ်တွင် အများနှင့်မတူ တမူထူးခြားသည့် အနံ့အရသာကို အပြည့်အဝ ပေးစွမ်းနိုင်စေရန်အတွက် အစစ်မှန်ဆုံး၊ အရည်အသွေး အမြင့်ဆုံး မုယောစပါးကို အသုံးပြုပြီး မုယောအချိုရည်၏ ပထမဆုံးသော ဦးရည်ကိုသာ အသုံးပြုပြီး ထုတ်လုပ်သည့် တစ်ခုတည်းသော ချက်လုပ်ခြင်းနည်းစနစ်အသစ် (First Press Method) ကို အသုံးပြုထားပါတယ်။
ယခုအခါတွင် မြန်မာနိုင်ငံမှ ဘီယာချစ်သူများအနေဖြင့် ပိုမိုသာလွန်ကောင်းမွန်သည့် ချက်လုပ်ခြင်း နည်းစနစ်အသစ်ဖြင့် ထုတ်လုပ်ထားသည့် ပြေပြစ်မျှတကောင်းမွန်သည့် Kirin Ichiban (ကီရင်အီချီဘန်) ၏ ထိပ်တန်းအဆင့်မြင့်ရသာအသစ်ကို အပြည့်အ၀ မြည်းစမ်းခံစားနိုင်တော့မှာဖြစ်ပါတယ်။ ထုတ်လုပ်မှုဖြစ်စဉ်နှင့် ချက်လုပ်ခြင်းနည်းပညာအသစ်များဖြင့် ထုတ်လုပ်ထားသော Kirin Ichiban (ကီရင်အီချီဘန်) ကို သောက်သုံးသူများအနေဖြင့် ပြေပြစ်မျှတပြီး ကြွယ်ဝသည့် အနံ့၊ အရသာတို့ကို ရရှိခံစားနိုင်မှာပါ။
“မြန်မာပြည်ဘီယာဈေးကွက်အနေနဲ့ ခေတ်မီဆန်းပြား ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း စစ်စစ် မုယောစပါးကနေ ပထမဆုံး ဦးရည်သီးသန့်ကို ရယူပြီး ချက်လုပ်တဲ့ First Press နည်းပညာကို အဆင့်မြှင့်တင်နိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။ ယနေ့ မိတ်ဆက်ပေးလိုက်တဲ့၊ ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ Kirin Ichiban (ကီရင်အီချီဘန်) ကို သောက်သုံးသူတွေ အကောင်းဆုံးသော ခံစားမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ သေချာစွာ အထူးတလည် စီစစ်ရွေးချယ်ထားတဲ့ အဆင့်မြင့်ဆုံး ကုန်ကြမ်းတွေကို အသုံးပြုပြီး အနုပညာလက်ရာမြောက်စွာ ဖန်တီးထားပါတယ်။” ဟု မြန်မာ ဘရူရီ လီမိတက်၊ ကီရင်အီချီဘန်၏ Brand Manager ဖြစ်သူ Takashi Harada က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ Kirin Ichiban (ကီရင်အီချီဘန်) ကို မြန်မာဈေးကွက်မှာ လွန်ခဲ့တဲ့ ၃ နှစ်က စတင်မိတ်ဆက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ ဈေးကွက်အတွင်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အထူးကို ဂုဏ်ယူမိပါတယ်။ အထူးကောင်းမွန်တဲ့ ဈေးကွက်ချဲ့ထွင်နိုင်စွမ်းအားနဲ့ ဈေးကွက်ရဲ့ တုန့်ပြန်မှု အနေအထားများကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံမှ အနုပညာလက်ရာမြောက်စွာနဲ့ ဖန်တီး ထုတ်လုပ်ထားတဲ့ အဆင့်မြင့် Kirin Ichiban ဘီယာကို မြန်မာစားသုံးသူတွေ အနေနဲ့ အမှန်တကယ် နှစ်ခြိုက်စွာ အားပေး သောက်သုံးနေကြတယ် ဆိုတာကို မီးမောင်းထိုးပြီး ပြသနေပါတယ်။” ဟု ဆိုပြီးတော့လည်း မြန်မာဘရူရီလီမိတက် ကီရင်အီချီဘန်၏ Brand Manager ဖြစ်သူ Takashi Harada က ဖြည့်စွက် ပြောကြားပေးခဲ့ပါသေးတယ်။
Kirin Ichiban (ကီရင်အီချီဘန်) အနေနဲ့ ဈေးကွက်ထဲသို့ စတင်ပြီး ဝင်ရောက်လာခဲ့သည့် အချိန်မှစပြီး သဘာဝပတ်ဝန်းကျင်နှင့် အနုပညာမြောက် ဘီယာချက်လုပ်မှု အစဉ်အလာများကို လေးစားလိုက်နာပြီး အရသာပိုင်း ကောင်းမွန်မှုကို အထူးအလေးထားခဲ့တာဖြစ်ပါတယ်။ Kirin Ichiban (ကီရင်အီချီဘန်) အနေဖြင့် အခြား မည်သည့်ဘီယာနှင့်မျှ မတူညီသည့် အချက်မှာ မုယောစပါးစစ်စစ်မှ ပထမဆုံးရရှိသည့် ဦးရည်သီးသန့်ကိုသာ အသုံးပြု ချက်လုပ်ထားပါတယ်။ တစ်နည်းအားဖြင့် ထူးခြားသည့် First Press နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဘီယာဖြစ်ပြီး ကြည်လင်သန့်စင်ပြီး ပြေပြစ်မျှတသည့်၊ အနံအရသာနှင့် ပြည့်စုံသည့် အဆင့်မြင့် ဘီယာကို ခံစားသောက်သုံးနိုင်မှာဖြစ်ပါတယ်။
Kirin Ichiban (ကီရင်အီချီဘန်) ၏ အထင်ကရ အမှတ်တံဆိပ်ဖြစ်သည့် Kirin ရုပ်ကောင်သည် ကံကောင်းခြင်းနှင့် ပျော်ရွှင်မှုတို့ကို ယူဆောင်လာပေးနိုင်စွမ်းရှိသည့် ဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင် ဖြစ်ပြီး အာရှတခွင်မှ စားသုံးသူများ ရင်းနှီးကျွမ်းဝင်မှုရှိသည့် အမှတ်တံဆိပ်ဆိုလည်း မမှားပါဘူး။ လက်ရှိအချိန်တွင် Kirin Ichiban (ကီရင်အီချီဘန်) သည် မြန်မာဘရူရီလီမိတက်၏ ဈေးကွက်အတွင်း အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခု အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
Kirin Ichiban (ကီရင်အီချီဘန်) ကို မြန်မာနိုင်ငံတစ်ဝန်းသို့ ဖြန့်ချိရောင်းချ အရောင်းမြှင့်တင်မှုများ ပြုလုပ်လျက် ရှိနေပြီး ယခုအခါတွင် အွန်လိုင်း၌လည်း ဒီဂျစ်တယ်ဆက်သွယ်မှု ပုံစံသစ်အနေဖြင့် Facebook Messenger ပေါ်တွင် Kirin Ichiban (ကီရင်အီချီဘန်) ဘီယာနှင့် ဆက်စပ်သည့် အကြောင်းအရာများကို အလိုအလျောက် ဖြေကြားပေးမည့် Kirin Chatbot အသစ်ကို အသုံးပြုနိုင်ပါပြီ။ မြန်မာဘရူရီ လီမိတက်နှင့် Kirin Ichiban (ကီရင်အီချီဘန်) အနေဖြင့် လာမည့်လများအတွင်း စိတ်ဝင်စားဖွယ်ရာ အရောင်းမြှင့်တင်ရေး အစီအစဉ်သစ်များ ပြုလုပ်သွားမှာဖြစ်ကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။








