Unilever ၏ ကမ္ဘာ့ထိပ်တန်း သွားနှင့်ခံတွင်းဆိုင်ရာ အမှတ်တံဆိပ်နှင့် FDI ၏ တစ်ခုတည်းသော အသိအမှတ်ပြု သွားတိုက်ဆေးအမှတ်တံဆိပ်ဖြစ်သည့် ဆစ်ဂနယ်သည် Signal Action 1 2 3 Charcoal White သွားတိုက်ဆေး အမျိုးအစားသစ်အား မြန်မာနိုင်ငံ၌ ဇွန်လ ၁၄ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် စတင် မိတ်ဆက်လိုက်ပါပြီ။ အသစ်မိတ်ဆက်ပေးခဲ့သော သွားတိုက်ဆေးသည် အစွမ်းထက်မီးသွေးနှင့် သံပရာ အဆီအနှစ် စသည့် သဘာဝပါဝင်ပစ္စည်း များနှင့် ဖော်စပ်ထားပြီး သွားဝါခြင်း၊ ညစ်ခြင်းများကို ကင်းစင်စေပြီး သွားများကို ဖြူဖွေးလှပစေမှာဖြစ်ပါတယ်။

ယခု ထုတ်ကုန်အသစ် ထုတ်လုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ဆစ်ဂနယ် အနေနဲ့ အပြုံးတိုင်းဟာ အရေးပါတယ်လို့ ယုံကြည်ပါတယ်။ နေ့စဉ်ဘ၀မှာ လူတွေနဲ့ အမြဲဆက်ဆံထိတွေ့နေရတော့ ပါးစပ်ပာလိုက်တိုင်း သွားတွေက ၀ါနေရင်၊ အနံ့ဆိုးတွေထွက်နေရင် ကိုယ့်အတွက်ရော အခြားသူတွေအတွက်ပါအ တော် လေး အဆင်မပြေပါဘူး။ Signal Charcoal သွားတိုက်ဆေးအသစ်က မိသားစုတိုင်းအတွက် ကောင်းမွန် တဲ့ သွားကျန်းမာရေးကို ရရှိအောင် ပေးစွမ်းနိုင်ရုံသာမက ဖြူဖွေးလှပတဲ့အပြုံးတွေနဲ့ မွှေးပျံ့သန့်ရှင်းတဲ့ ရနံ့တွေကိုလဲ ပေးစွမ်းနိုင်ပါတယ်။ ဆစ်ဂနယ်က ပေးစွမ်းဖို့ရည်ရွယ်တဲ့ ဖြူဖွေးလှပတဲ့ သွားတစ်စုံက လူတစ်ယောက်ကို တောက်ပတဲ့အပြုံးနဲ့ ယုံကြည်မှုအပြည့်ပေးစွမ်းနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ဆစ်ဂနယ်၏ Brand Manager မခင်စန္ဒာကိုက ပြောကြားခဲ့ပါတယ်။

မိတ်ဆက်ပွဲအား Junction City Promotion Area ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆစ်ဂနယ်က အသစ်ထုတ်လုပ်လိုက်သော သွားတိုက်ဆေး အမျိုးအစားသစ်၏ ပါဝင်ပစ္စည်းများဖြစ်သည့် မီးသွေးနှင့် သံပရာတို့အား အဓိကထား၍ ဆန်းသစ်လတ်ဆတ်စွာ အလှဆင်ထားပါတယ်။ သွားတိုက်ဆေး အမျိုးအစား သစ်မိတ်ဆက်ပွဲအား နိုင်ငံကျော် အဆိုတော် ဟဲလေးမိသားစုနှင့် ကလေးအနုပညာရှင် ထိပ်ထားသခင်တို့ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ပွဲတွင် အဆိုတော် ဟဲလေးမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ခြင်း၊ ထိပ်ထားသခင် နှင့် ဟဲလေး၏ သားနှစ်ဦးမှ ပျော်ရွှင်စရာဂိမ်းအစီအစဉ်များအား ဆော့ကစားခဲ့ခြင်း၊ ကြွရောက်လာသူများနှင်အတူ့ ပျော်ရွှင်ဖွယ်ရာ ဂိမ်းများလည်း ကစားခဲ့ခြင်း စသည့်အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။ ကြွရောက်လာသူများအားလုံးကလည်း စိတ်လှုပ်ရှားစရာ ကံစမ်းမဲ အစီအစဉ်များနှင့် ဂိမ်းအစီအစဉ်များကို ပါဝင်ဆင်နွှဲနိုင်သည့်အခွင့်ရေးများ ရရှိခဲ့ပါတယ်။

Signal Charcoal သွားတိုက်ဆေး အမျိုးအစားသစ်သည် အရည်သွေးမြင့် အစွမ်းထက်မီးသွေး၊ အီတလီနိုင်ငံမှ ရရှိသည့်သံပရာ အဆီအနှစ်၊ စသည့် သဘာဝ ပါဝင်ပစ္စည်းများကို ဆစ်ဂနယ်၏ နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဆစ်ဂနယ်၏ အဓိကယုံကြည်ချက်ဖြစ်သည့် “အပြုံးတိုင်းဟာ အရေးပါသည်” ဆိုသည့်အတိုင်း သွားတိုက်ဆေးအမျိုးစားအသစ်တွင် အသုံးပြုထားသော အစွမ်းထက်ဖော်မျူလာသည် သွားပေါ်ရှိ အစွန်းအထင်းများကို သဘာဝအတိုင်း ဖယ်ရှားသန့်စင်ပေးပြီး မူလအတိုင်း လှပသောအပြုံးကို ပေးစွမ်းပါတယ်။

ဆစ်ဂနယ်သည် ကမ္ဘာ့အကြီးဆုံး သွားနှင့် ခံတွင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကြီးတစ်ခုအား ကျောင်းသား၊ ကျောင်းသူပေါင်း ၂,၅၀၀ ယောက် ပါဝင်မှုဖြင့် မြန်မာနိုင်ငံတွင် သြဂုတ်လ ၂၀၁၈ခုနှစ်၌ ကျင်းပပြုလုပ်၍ ဂင်းနစ် စံချိန်တင်ထားပြီးပါပြီ။ ဆင်ဂနယ်မှ သုံးစွဲသူများအား ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေး တိုက်ရိုက်သက်ဆိုင်ပုံအား အစဉ်အမြဲ ကြိုးပမ်းအသိပေးလျက်ရှိပြီး ထိုကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးနိုင်သော ဆင်ဂနယ်သွားတိုက်ဆေးများကို ထုတ်လုပ်ပေးပြီး အပြစ်အနာအဆာကင်းသော သွားခံတွင်းနှင့် လှပဖြူဖွေးသော သွားများကိုပိုင်ဆိုင်သော မိသားစုဘ၀များကို ဖန်တီးပေးလျက်ရှိပါတယ်။ FDI၏ အသိအမှတ်ပြု ထောက်ခံချက် ရရှိထားသည့် တစ်ခုတည်းသော သွားတိုက်ဆေးအမှတ်တံဆိပ် ဆစ်ဂနယ်သည် မြန်မာနိုင်ငံရှိ မိသားစုများ၏ ခံတွင်းကျန်းမာရေးအား အထောက်အကူပြုရုံသာမက ဖြူဖွေးသောသွားများနှင့် သင်းပျံ့သောခံတွင်းရနံ့များကို ပေးစွမ်းနိုင်မည့် သွားတိုက်ဆေးများအား အမြဲတစေ ထုတ်လုပ်လျက်ရှိပါတယ်။