အစဉ်အမြဲ မရိုးရလေတဲ့ ပွဲအမျိုးအစားအစုံအလင်ကို စီစဉ်ဖန်တီးပေးလျက်ရှိတဲ့ ဆီဒိုးနားဟိုတယ် ရန်ကုန်မှနေပြီးတော့ ဝက်နှစ်အခါသမယကို ကြိုဆိုဖို့ရန်အတွက် နွေဦးပွဲတော်ကို ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ကိုလည်း အထူး Packages အစီအစဉ်များဖြင့် ဆင်နွှဲကျင်းပသွားမှာဖြစ်ပါတယ်။

နွေဦးပွဲတော် အစီအစဉ်များ

ဆီဒိုးနားဟိုတယ်ရန်ကုန်မှနေ၍ နွေဦးပွဲတော်ကို၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကြိုဆိုသွားမည်ဖြစ်ပြီး နှစ်သစ်အတွက် ကံကောင်းခြင်း၊ ကျန်းမာခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့အတွက် ဆုမွန်ကောင်းပြုရန်အတွက် သက်ရှည်ကျန်းမာခြင်း ၊ လာဘ်လာဘတိုးပွားခြင်း၊ ဥစ္စာဓန ပေါကြွယ်ဝခြင်းတို့ကို ကိုယ်စားပြုသည့် အထူး Set Menu သုံးမျိုးကို စီစဉ်ပေးထားသလို ငါးယောက်စာ စားပွဲတစ်ဝိုင်းအတွက်ကိုတော့ USD 138 မှ စတင်ကျသင့်သွားမှာဖြစ်ပါတယ်။

လူကြိုက်များလှပြီး အထူးထင်ရှားသည့် ဟင်းလျာများအနက်မှ တရုတ်ဟင်းလျာများဖြစ်သည့် ပဲပိစပ်ဆော့စ်နှင့် ကကတစ်ငါးကြော်၊ မှိုပွင့်နှင့် ပင်လယ်စာ၊ ဖက်ခွိုင်၊ သက်ရှည်ကျန်းမာခြင်း ဟောင်ကောင်ခေါက်ဆွဲ၊ ချာဆူးနှင့် ဆယ်လမွန်ရီဆန်၊ ဒယ်ပြားကြော် ပုဇွန်ကြားနှင့် ဆားကြက်ဥ၊ ငရုပ်ဟင်း တို့လို အရသာရှိလှတဲ့ ဟင်းလျာများကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

ပျော်ရွှင်ကြည်နူးစရာကောင်းလှတဲ့ နွေဦးပွဲတော်ရဲ့ရသကို ပိုမိုခံစားရစေရန်အတွက် တရုတ်ရွေမုန့်၊ အိမ်လုပ်မြေပဲကွတ်ကီး၊ အိမ်လုပ်ဝိုင်၊ Pu’er လက်ဖက်ရည်နဲ့ ပစိဖိတ်ခရုတို့ကဲ့သို့သော နှစ်ကူး အထူးလက်ဆောင်မွန်များပါရှိသည့် တန်ဖိုးကြီးအနီရောင် နွေဦးရာသီ လက်ဆောင်မွန်ခြင်း တို့ကိုလည်း USD 88 ဖြင့် ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားပါသေးတယ်။

ချစ်သူများနေ့ အစီအစဉ်များ

နွေဦးပွဲတော်အပြင် ချစ်သူများအတွက်လည်း ဆီဒိုးနားဟိုတယ်ရန်ကုန်မှနေပြီး ရင်ခုန်ကြည်နူးစရာ Packages များကို ဧည့်သည်တော်များ ရွေးချယ်နိုင်ရန် ပြင်ဆင်ပေးထားပါတယ်။

ထိုအထဲကမှ အထူးတလည်အဖြစ်ဆုံး အစီအစဉ် Package တစ်ခုကတော့ “Love in the Air” လို့ အမည်ပေးထားပြီး Anawratha Suite ၌ ၂ ညတာ တည်းခိုခွင့်၊ အခန်းရောက်ပို့ဆောင်ပေးသည့်နံနက်စာ၊ မိနစ် ၃၀ ကြာ ရဟတ်ယာဉ် စီးနင်းခွင့်၊ အဓိကဟင်းလျာ မျိုးပါဝင်သည့် အထူးသီးသန့်တည်ခင်းမှု၊ Dom Perignon ရှန်ပိန် တစ်ပုလင်း၊ နှင်းဆီ ၉၉ ပွင့်ပါ ပန်းစည်း၊ သီးသန့်ဝန်ဆောင်မှုပေးမည့် Butler စသည်တို့ပါဝင်သွားမည်ဖြစ်ပြီး စုံတွဲတစ်တွဲအတွက် USD 9,999 ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

အခြား Package အစီအစဉ်များကတော့

  • နှင်းဆီနီ တစ်ပွင့်၊ ဘာဘီကျူးနှင့် ပင်လယ်စာ ဘူဖေးနှင့်အတူ စပါကလင်ဝိုင်၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဖျော်ရည်များ စိတ်ကြိုက်သောက်သုံးခွင့် ပါဝင်သော တစ်ဦးလျှင် USD 36 ကျသင့်မည့် D’Cuisine တွင် စားသုံးခွင့်အစီအစဉ်

  • စုံတွဲတစ်တွဲလျှင် USD 78 ကျသင့်မည့် Orzo ၏ ကြယ်ရောင်များအောက်တွင်စပါကလင်ဝိုင် တစ်ခွက်နှင့်အတူ ဟင်းလျာ ၄ မျိုးပါဝင်သည့် ညစာ
  • စုံတွဲတစ်တွဲအတွက် USD 388 ကျသင့်မည့် ဟင်းလျာ ၅ မျိုး၊ ရှန်ပိန် တစ်ပုလင်း၊ ချစ်သူအတွက် လက်ဆောင်နှင့် သီးသန့်ဝန်ဆောင်မှုပေးမည့် Butler တို့ပါဝင်သည့် အထူးသီးသန့် ညစာ

  • ချောကလက်၊ နှင်းဆီပန်းစည်း၊ ဝက်ဝံရုပ်တို့ကဲ့သို့သော လက်ဆောင်များကို ပြင်ဆင်ပေးထားပြီး ၂ဝ၁၉ ဖေဖော်ဝါရီ ၉ ရက် မှ ၁၄ ရက်အထိ ဖွင့်လှစ်ပေးထားမည့် Deli ကောင်တာ

  • လော်ဘီခန်းမတွင် USD 18 ဖြင့် ရရှိနိုင်မည့် လတ်ဆတ်သော စတော်ဘယ်ရီနှင့် ရှန်ပိန်တစ်ခွက်နှင့်အတူ မေတ္တာလက်ဆောင်တို့ ဖြစ်သည်။

Sedona Hotel Yangon ရှိ စားသောက်ဆိုင်များတွင် နေရာကြိုတင်ယူမှုများပြုလုပ်လိုပါက +95 1 860 5377 သို့ခေါ်ဆိုနိုင်သလို ဆီဒိုးနားဟိုတယ်အကြောင်းပိုမိုသိရှိလိုပါက www.sedonahotels.com.sg/yangon သို့မဟုတ် www.facebook.com/sedonayangonသို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီဆိုတဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။