Plant House Cafe’ ကို ရောက်ရှိသွားပုံလေးက…

BFF နဲ့လည်းမတွေ့ရတာကြာ စာဖတ်တတ်တဲ့ ဝါသနာတူတဲ့သူအချင်းချင်း တွေ့ဖြစ်ကြရင် စာအတူတူဖတ်တဲ့နေရာလေးမှာလည်းတွေ့ချင် အစားအသောက်ကောင်းကောင်းလေးလည်းမရှိမဖြစ် ကော်ဖီလေးကလည်း ရစေချင်သေးတယ်။

တွေ့တုန်းတွေ့ခိုက် လောကကြီးကို လုံးဝအဆက်အသွယ်ဖြတ် နှစ်ယောက်တည်း ကမ္ဘာ​လေးကို ရချင်သေးတယ်။ ဂျီးများလွန်းတဲ့ နှစ်ယောက်သား ဘယ်ဆိုင်မှာ ဒိတ်ကြမလဲစဉ်းစားရင်း ခေါင်းတွေနောက်ရတယ်။

အဲ့မှာတွေ့တာပဲ။ ဖေ့ဘုတ်ပေါ်မှာ နာမည်ကြီးနေတဲ့ The Plant House Cafe’ ဆိုတဲ့ဆိုင်လေး။

စုံစုံလင်လင်ရှိလှတဲ့စာအုပ်တွေ။ စိမ်းစိမ်းလန်းလန်း ပျိုးပင်တွေနဲ့ ကော်ဖီလည်းကောင်းတယ်ဆိုပဲ။ စာအုပ်တွေကို အခမဲ့ ဖတ်လို့ရသလို ဝယ်လို့လည်းရသေးတယ်။ ကဲ ဘာလိုသေးလဲ။ ကိုယ်တွေ ၂ယောက်ဒိုးတာပေ့ါ။

ဆိုင်အပြင်အဆင် 

ဆိုင်ထဲကို ဝင်ဝင်ချင်း စိမ်းလန်းစိုပြည်တဲ့ပျိုးပင်လေးတွေနဲ့ Oldie သီချင်းလေးတွေဖွင့်နေတာဆိုတော့ စိတ်ထဲ အေးချမ်းသွားတယ်။ ဆိုင်လေးက Cozy ဖြစ်လွန်းပြီး အပြင်အဆင်လေးက ခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့်​စာဂျပိုးလေးတို့ ဘဝင်ကျမယ့်​ပုံစံလေး။ ကိုယ်တွေ ၂ယောက်အတွက်ကတော့ စာအုပ်စင်လေးက ဆွဲဆောင်နေတာပေ့ါ။ ထိုင်စရာနေရာလေးတွေကလည်း တကယ်ချစ်ဖို့ကောင်းပြီး နေရာစီစဉ်ထားတာလေးတွေက စာအုပ်ဖတ်ဖို့ အချိန်ကြာကြာထိုင်ပြီး အေးအေးဆေးဆေးနေဖို့ သက်သောင့်သက်သာရှိတယ်။

Go Local ဆိုတဲ့ စာသားလေးနဲ့ ထူးခြားမှု

ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ထူးခြားတာ တစ်ခုရှိသေးတယ်။ Go Local ဆိုတဲ့စာလေးနဲ့ မြန်မာနိုင်ငံထွက် စားစရာလေးတွေ လက်ဆောင်လေးတွေကို ရောင်းချနေသေးတယ်ဆိုတော့ တနေရာထဲ တကယ့်ကို ပြည့်စုံတယ်နော်။

အစားအသောက် 

ဆိုင်မှာရောင်းတဲ့ အစားအသောက်နဲ့ကော်ဖီက ၈၀၀ လောက်ကနေစပြီး Menu စုံတယ်။ Welcome Drink အဖြစ် ရေနွေးကြမ်းတိုက်တယ်ဆိုတော့ ပျော်တာပေ့ါနော်။ မေမြို့နှပ်ကော်ဖီကတော့ အကြိုက်ဆုံးပါပဲ။ ပေါင်မုန့်၊ ထမင်းသုပ်​၊ ကိတ်မုန့် စသဖြင့် စုံလင်ပြီး Plant House Cafe’ မှာပဲ ရနိုင်တဲ့ စပယ်ရှယ်အစားအသောက်တွေလည်းရှိသေးတယ်နော်။ ဈေးနှုန်းတွေက တကယ်ချိုသာပါတယ်။ ထူးထူးခြားခြား ရှမ်းပြည်ဖက်က ခေါပုတ်ကို အစာသွပ်ပုံစံမျိုးလေးလုပ်ထားတာလေးတော့ အရမ်းမိုက်တယ်။

Friendship Goal ပုံလေးတွေရိုက်မယ်​

စားပြီး​သောက်​ပြီး စာဖတ်တာ တဝက်ရောက်တော့ နည်းနည်းညောင်းလာတာနဲ့ Friendship Goal ဓာတ်ပုံလေးတွေ ရိုက်ကြတာပေ့ါ။ ပို့စ်အမျိုးမျိုးပေး ဆိုင်နေရာတော်တော်များများ စုံနေအောင်ရိုက်ခဲ့တယ်။ စိမ်းစိမ်းစိုစို သစ်ပင်တွေကြား၊ Romantic ဆန်ဆန် အပြင်အဆင်၊ သေသပ်လှပတဲ့ စာအုပ်စင်၊ Cozy ဖြစ်လှတဲ့​နေရာလေးကြားက ပုံလေးတွေကတော့ တကယ့်ကို အမှတ်တရဖြစ်စရာပါပဲ။

တစ်ခုရှိတာ ဆိုင်လေးက နည်းနည်းကျဉ်းတယ်။ တခါတလေ ဆိုင်လေးက လူများတယ်ဆိုတော့ အမြန်သွားပြီးနေရာယူထားမှရမယ်။

အဲဒီ့နေ့လေးဟာ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်အတွက်တော့ တကယ့်နိဗာန်ဘုံလေးပါ။​နောက်ပိုင်း တစ်ယောက်ထဲလည်း အေးအေးဆေးဆေး စာသွားဖတ်ရင် အပန်းဖြေတဲ့အခါလည်း အရမ်းအဆင်ပြေလို့ ပိတ်ရက်တိုင်း ခဏခဏ သွားဖြစ်တယ်။

ကဲ…. စာဖတ်သူတို့ကော အချစ်ဆုံး သူငယ်ချင်းနဲ့ အတူ ဒီလို အမှတ်တရလေးတွေ မဖန်တီးချင်ဘူးလား?

ဆိုင်လိပ်စာလေးက … No-33 , Nyaung Tone Street , San Chaung Township

ဆိုင်လေးရဲ့ Website ထဲမှာလည်း ဆိုင်အကြောင်းအပြည့်အစုံ ဖတ်ကြည့်လို့ရတယ်နော်။

https://the-plant-house-cafe.business.site/