ယနေ့ခေတ်ရဲ့ စီးပွားရေးဈေးကွက်များက လွန်လေပြီးသောနှစ်တွေနဲ့ မတူဘဲ တစ်စထက်တစ်စ တိုးတက်ကျယ်ပြန့်လာတာကို တွေ့မြင်ကြရမှာပါ။ နိုင်ငံတကာနဲ့ ရောင်းဝယ်ဖောက်ကားလာပြီး ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေက အံ့မခန်းလောက်အောင် တိုးတက်လာကလည်း မျက်မြင်ပါပဲ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာနဲ့အမျှ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းလည်း ကျယ်ပြန့်လာပြီး နိုင်ငံတကာက စားသောက်ကုန်ပစ္စည်းတွေကလည်း မြန်မာ့အစားအသောက်ထဲ တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာခြင်း ဖြစ်စဉ်များက အစားအသောက်ခုံမင်သူတွေအတွက် သုခဘုံတစ်ခုတိုးလာသလိုပါပဲ။

အရင်တုန်းက နာမည်သာ ကြားဖူးပြီး မြည်းစမ်းခွင့်မရတဲ့ ကမ္ဘာကျော် စားသောက်ဆိုင်တွေလည်း မြန်မာနိုင်ငံမှာ တိုးချဲ့ဖွင့်လှစ်လာတာကြောင့် အရသာအသစ်အဆန်းတွေကိုမှ မြည်းစမ်းချင်ကြတဲ့သူတွေအဖို့ အားလပ်ရက်တွေမှာ ဝါသနာတူ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးနိုင်ပြီပေါ့။

ဒီလိုမျိုး အသစ်အဆန်းတွေကိုမှ နှစ်သက်ပါတယ် စိတ်ဝင်စားပါတယ်ဆိုတဲ့သူတွေအတွက် Food & Hotel Myanmar က ကြီးမှူးကျင်းပတဲ့ ဆဌမအကြိမ်မြောက် ဟိုတယ်လုပ်ငန်းနဲ့ အစားအသောက်ဆိုင်ရာကုန်သွယ်မှုပွဲတော်ကြီးကို သွားရောက်ကြဖို့ လက်တို့လိုက်ပါတယ်။ ပွဲတော်ကျင်းပမယ့်ရက်ကတော့ ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပြီး ကျင်းပမယ့် နေရာကတော့ ရန်ကုန်မြို့ရဲ့ အချက်အချက်ကျတဲ့ Myanmar Expo (ME) မှာပဲဖြစ်ပါတယ်။

အစားအသောက်နဲ့ ကုန်သွယ်မှုပွဲတော်ကြီးကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ထိုပွဲတော်ကြီးမှာ ကမ္ဘာ့အဆင့်မှီ အရည်အသွေးမြင့်မားသော စားသောက်ကုန်များနဲ့ မိတ်ဆက်ပေးမှာဖြစ်ပြီး ဟိုတယ်လုပ်ငန်းပိုင်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း အကြောင်းအရာတို့နဲ့ စပ်လျဉ်းပြီး ပြသပေးသွားမယ့် ပြပွဲတစ်ခုဆိုလည်း မမှားပါဘူး။

လာရောက်လေ့လာသူများအနေဖြင့် ဈေးကွက်စီးပွားရေးဆိုင်ရာ အမြင်သစ်၊ အတွေးအခေါ်သစ်များ တစ်ပုံတစ်ပင်ကြီးရရှိသွားမယ့်အပြင် နိုင်ငံတကာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံချင်သူများအနေနဲ့ စီးပွားရေးဆိုင်ရာ အချိတ်အဆက်ကောင်းတွေလည်း ရရှိသွားမှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကမ္ဘာ့အဆင့်မှီ ပြိုင်ပွဲများ၊ ပညာပေးဆွေးနွေးပွဲများနှင့် စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဂဃနဏ သိရှိနားလည်သွားမှာပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပြပွဲမှာလည်း မြန်မာပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းအား စိတ်ဝင်စားသူများ အပါအဝင် ရိုးရာအစားအသောက်ခင်းကျင်းပြသမှုမှာတော့ ကိုရီးယား၊ စင်ကာပူ တို့လို နိုင်ငံပေါင်း ၃၃ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၇၀၃၁ ဦးက စိတ်ဝင်တစားတက်ရောက်ခဲ့ကြပါတယ်။

ဆဌမအကြိမ်မြောက် ကျင်းပတဲ့ ကုန်စည်ပြပွဲကြီးကိုလည်း ဝင်ပေါက်မှာတင် Register စာရင်းပေးသွင်းရုံနဲ့ ပြပွဲကိုဝင်ရောက်လေ့လာနိုင်မှာဖြစ်လို့ မိမိရဲ့ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာနှင့် စားသောက်ကုန်လုပ်ငန်း စီးပွားရေးဈေးကွက်ကို အဆုံးအစမဲ့ချဲ့ထွင်နိုင်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။

ကိစ္စအမျိုးမျိုးကြောင့် မအားမလပ်သည့်အတွက် သွားရောက်မလည်ပတ်နိုင်သောသူများအတွက်လည်း MyFood Myanmar မှ ဇွန်လ ၅ ရက်နေ့တွင် ၁၁နာရီ ကနေ၂ နာရီကြားမှာ Live ထုတ်လွှင့်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးကို See First လုပ်ပြီး စောင့်မျှော်ပြီးကြည့်ရှုအားပေးကြပါအုံးလို့ သတင်းကောင်းပါးလိုက်ပါတယ်။