၂၀၁၆ ခုနှစ်ကတည်းက ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခဲ့တဲ့ Strand Yangon က ညစာ သုံးဆောင်ချင်သူများအတွက် Strand စားသောက်ဆိုင်ကို တစ်ပတ်မှာ ၃ ညခန့် ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးက မိုးရာသီအထူးအစီအစဉ်လေးပဲဖြစ်ပါတယ်။

ဒါ့အပြင် ခမ်းနားလှပတဲ့ ထမင်းစားခန်းကို နေ့ထူးနေ့မြတ်နဲ့ အထူးပွဲတော်ရက်တွေအတွက် သီးသန့်ငှားရမ်းချင်သူများအတွက်ရော အစည်းအဝေး အခမ်းအနားများကို အဆင့်အတန်းမြင့်မြင့် ကျင်းပချင်သူများအတွက်လည်း ငှားရမ်းနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

မိုးရာသီဖြစ်တဲ့အတွက်ကြောင့် အပြင်မှာ မိုးသည်းကြီးမည်းကြီးရွာကောင်း ရွာပါလိမ့်မယ်။ ဒါပေမဲ့ Strand Yangon ရဲ့ ထမင်းစားခန်းလေးက စကျင်ကျောက်ရောင်လေးတွေ တလက်လက်၊ ဖယောင်းတိုင်မီးရောင်တွေ အပြည့်နဲ့ စိတ်ကူးယဉ်ဆန်လွန်းလှစွာနဲ့ ဧည့်သည်တွေရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ လမကုန်ခင်အထိ စားဖိုမှူးကြီး Patrick Périé နဲ့ သူ့ရဲ့ အဖွဲ့သားတွေ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အရသာရှိတဲ့ အစားအစာတွေကိုလည်း ကြာသပတေး၊ သောကြာနဲ့ စနေနေ့တိုင်းမှာ မြည်းစမ်းစားသုံးနိုင်မှာပဲဖြစ်ပါတယ်။

လတစ်လချင်းစီရဲ့ နောက်ဆုံးအပတ်မှာလည်း စားဖိုမှူးကြီး Périé က စပါယ်ရှယ် ဟင်းပွဲငါးမျိုးကို ထူးကဲကောင်းမွန်တဲ့ ဝိုင်နဲ့အတူ ပြင်ဆင်ချက်ပြုတ်ပြီး တည်ခင်းဧည့်ခံပေးမှာပဲဖြစ်ပါတယ်။ ဇူလိုင်လအတွက် အထူးစပါယ်ရှယ်ဟင်းလျာကတော့ ပုစွန်တုပ်ကြီးဖြစ်ပြီး သြဂုတ်လမှာတော့ Patrick ရဲ့ အမိမြေဟင်းလျာတစ်မျိုးဖြစ်တဲ့ ပြင်သစ် နွေရာသီ အထူးဟင်းလျာပဲဖြစ်ပါတယ်။

အခွင့်အရေးဆိုတာ နှစ်ခါမလာတဲ့အတွက်ကြောင့် ဒီလိုထူးခြားကောင်းမွန်တဲ့ အခွင့်အရေးလေးကို ဘာ့ကြောင့် လက်လွှတ်ခံလိုက်မှာလဲ။ နေ့ထူးနေ့မြတ်တွေ ရှိလာတဲ့အခါမှာ Strand စားသောက်ဆိုင်လေးကို နေ့တစ်ဝက်ပဲဖြစ်ဖြစ် နေ့လည်စာ စားချိန်ပဲဖြစ်ဖြစ် ငှားရမ်းလိုက်ပါ။

စားသောက်ဆိုင်က ဧည့်သည် အယောက် ၆၀ အထိ ဝင်ဆံ့တဲ့အပြင် စားဖိုမှူးကြီး Périé ကလည်း ဧည့်သည်တွေရဲ့ စိတ်တိုင်းကျ အထူးဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်ပေးမှာပဲဖြစ်ပါတယ်။

ကြိုတင်ဘိုကင်ချိတ်ချင်တယ်ဆိုပါက (သို့မဟုတ်) အသေးစိတ်အချက်အလက်များကို သိရှိလိုပါက http://www.hotelthestrand.com သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သလို (95) 1243 377 သို့ ဖုန်းဆက်ကာ လူကိုယ်တိုင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။