နိုင်ငံတကာအိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်တွင် ဦးဆောင်လျက်ရှိ်သော ဒီဇိုင်းပိုင်းခေတ်မီတင့်တယ်ပြီး Premium Quality ရှိ ဆွီဒင်နိုင်ငံထုတ် Electrolux အမှတ်တံဆိပ်ထုတ်ကုန်များကို မြန်မာ နိုင်ငံရှိ သုံးစွဲသူများအနေဖြင့် ချိုသာသည့်ဈေးနှုန်း၊ ဥရောပအရည်အသွေးဖြင့် ဈေးကွက်အတွင်း ယုံကြည်စွာရွေးချယ်ဝယ် ယူနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ ဥရောပအမှတ်တံဆိပ်ဖြစ်သော Electrolux ထုတ်ကုန်များကို နိုင်ငံပေါင်း ၁၅၀ ကျော်မှ သန်း ၆၀ ကျော်သော အိမ်ရှင်မများက ရွေးချယ်သုံးစွဲလျက်ရှိပြီး လူနေမှုအဆင့်အတန်းကို ပိုမို ကောင်းမွန်စေရန် အထူးပြုလုပ်ဖန်တီးထားသောဒီဇိုင်းများဖြင့် အဆိုပါ အရည်အသွေးမြင့် အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီးဖြစ်ကြောင်း ထပ်မံကြေညာလိုက်ပါတယ်။
၁၉၁၉ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့သော Electrolux အိမ်သုံးလျှပ်စစ်ပစ္စည်းများမှာ ဥရောပနိုင်ငံများတွင် နှစ်ပေါင်း ၁၀၀ တိုင် ရပ်တည်လာခဲ့ပြီး ဆန်းသစ်တီထွင်မှုများအား စဉ်ဆက်မပြတ်ပြုလုပ်နိုင်ခဲ့ကာ အရှေ့တောင်အာရှဈေးကွက်များအတွင်းသို့ အောင်မြင်စွာထိုးဖောက်နိုင်ခဲ့ပြီးဖြစ်သည့်အပြင် လက်ရှိတွင်လည်း မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ အရည်အသွေးနှင့် ဝန်ဆောင်မှုအပိုင်းတွင် အာမခံချက်အပြည့်အဝရှိသည့် Professional Distribution Company ဖြစ်သော MEDG Groups Co., Ltd မှတဆင့် ချဲ့ထွင်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
Electrolux Thailand Company Limited ၏ International Market Business Manager ဖြစ်သူ Mr. Wijitchai Tangtheerajaroonwong က “ ကျွန်တော်တို့ Electrolux ထုတ်ကုန်တွေက ကမ္ဘာ့အနှံ့အပြားမှာရှိတဲ့ သုံးစွဲသူတွေရဲ့ လူနေ မှု အဆင့်အတန်းတွေကို ပိုမိုပြီး အဆင့်မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံးသောနည်းပညာနဲ့ တီထွင်ဆန်းသစ်မှု တွေ၊ ခေတ်မီတဲ့ အသွင်အပြင် ဒီဇိုင်းတွေ၊ အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေအပြင် ရေရှည်အသုံးပြုနိုင်ဖို့ ဥရောပရဲ့ နည်းပညာတွေအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော် ပြသနေတာဖြစ်ပါတယ်။” ဟု ပြော ကြားခဲ့ပါတယ်။ လာမည့် ၃ နှစ်မှ ၅နှစ်အတွင်း အရှေ့တောင်အာရှဈေးကွက်တွင် Electrolux ထုတ်ကုန်များမှာ ဈေးကွက် အခြေအနေပိုမိုတိုးတက်လာနိုင်ပြီး မြန်မာနိုင်ငံမှာလည်း အဓိကအားထားရသော မဟာဗျူဟာမြောက် ဈေးကွက်တစ်ခု ဖြစ်သည့်အလျောက် သုံးစွဲသူများအတွက် စစ်မှန်သည့်ချက်ပြုတ်မှု အတွေ့အကြုံများပေးစွမ်းနိုင်မည့် မီးဖိုချောင်သုံး လျှပ်စစ် ပစ္စည်းများ၊ အဝတ်အထည်တိုင်း၏ အရည်အသွေးအား ထိန်းသိမ်းပေးနိုင်မည့် Laundry Solutions များအပြင် သုံးစွဲသူများ ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် အခြားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးအစားများစွာကို ထုတ်လုပ် ဖြန့်ချိသွားမှာပါ။ “တီထွင်ဖန်တီးမှုတိုင်းက ဖန်တီးဖို့ရာသက်သက်အတွက်ဆိုတာမျိုးမဟုတ်ဘဲ ဒီလိုဖန်တီးလိုက်ခြင်းအားဖြင့် လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေးနိုင်ရုံသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သုံးစွဲသူ တွေရဲ့ စိတ်ထဲ ထုတ်ကုန်တွေရဲ့ အရည်အသွေး တာရှည်ခံစေဖို့ စတာတွေအပြင် စီးပွားရေးအဝန်းအဝိုင်းကိုလည်း တိုးတက် အောင် ထောက်ပံ့လုပ်ဆောင်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်”ဟု Mr. Wijitchai က ဆက်ပြောပြခဲ့ပါတယ်။
အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်၏ ဦးဆောင်အမှတ်တံဆိပ် Electrolux အနေဖြင့် ၎င်းထုတ်ကုန်များအား ဖြန့်ချိရာ၌ သုံးစွဲ သူများ၏ ချက်ပြုတ်ခြင်းလုပ်ငန်းများတွင် အရသာပိုမိုကောင်းမွန်စေရေးအတွက် “Taste Care” ၊ အဝတ်အထည်များ ပိုမို တာရှည်ခံစေရေးအတွက် “Fabric Care” နှင့် ကောင်းမွန်မြင့်မားသည့် လူနေမှုအရည်အသွေးများရရှိစေရေးအတွက် “Well-being” အစရှိသော အဓိက စံသတ်မှတ်ချက်ဖြင့် သတ်မှတ်ထုတ်လုပ် ဖြန့်ချိလျက်ရှိပါတယ်။ ၎င်းတို့အပြင် ဆန်းသစ် တီထွင်မှုများ၊ ခေတ်နှင့်အမြဲတမ်းလျော်ညီတင့်တယ်နေမည့် ဒီဇိုင်းအသွင်အပြင်နှင့် သဘာဝပတ်ဝန်းကျင်အတွက် သင့် လျော်သည့် ထုတ်ကုန်ပစ္စည်းများလည်းဖြစ်ပါတယ်။ ဈေးကွက်ဖြန့်ဖြူးရေးအပိုင်းတွင်လည်း အဓိကကျသည့် နေရာများဖြစ် သော အီလက်ထရောနစ်ပစ္စည်းတင်သွင်းရောင်းချသူများ၊ hypermarket များ၊ နိုင်ငံတကာတန်းဝင် အိမ်ခြံမြေ ပရောဂျက်များနှင့် e-commerce များ အစရှိသော ဖြန့်ချိရောင်းချသည့် နေရာတိုင်းတွင်လည်း Electrolux အမှတ်တံဆိပ် များကို မြင်တွေ့နိုင်မှာပါ။
“Taste Care” ကဏ္ဍအောက်တွင် မီးဖို၊ အညှော်စုပ်စက်၊ Ovens ၊ မိုက်ခရိုဝေ့ဗ်နှင့် ရေခဲသေတ္တာ အစရှိသည့် ထုတ်ကုန်များ ပါဝင်ပြီး နေအိမ်တွင်း အစားအသောက်များချက်ပြုတ်ရာ၌ ကျန်းမာရေးနှင့်သင့်လျော်သော ဟင်းလျာများရရှိစေရန် ထောက်ပံ့ပေးနိုင်ရုံသာမက နိုင်ငံတကာဟိုတယ်များ၏ ချက်ပြုတ်မှု အဆင့်အတန်း အရသာအတိုင်းရရှိစေရန် Electrolux ၏ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများမှ ကူညီပေးသွားမှာဖြစ်ပါတယ်။ “Fabric Care” အတွက်မူ ပြိုင်ဖက်ကင်းသည့် ဥရောပ နည်းပညာများဖြင့် ဖြည့်တင်းထားသည့် ထုတ်ကုန်များက သုံးစွဲသူများအတွက် အဖိုးတန်အချိန်များကို ကုန်ဆုံးမှု သက်သာစေပြီး လျှော်ဖွတ်ရန်မလွယ်ကူသည့် ဂုဏ်ဒြပ်ရှိသော ချည်မျှင်သုံးအဝတ်အထည်များနှင့် နူးညံ့ပြီး ထိခိုက်ရန် လွယ်ကူသည့် လက်လုပ်ချည်မျှင်အင်္ကျီများကိုပင် ပိုမိုတောက်ပပြီး ကြာရှည်ခံစေမှာဖြစ်ပါတယ်။
Electrolux အနေဖြင့် ထုတ်ကုန်များအတွက် ကုန်ကြမ်းပစ္စည်းများ၊ ဒီဇိုင်းပိုင်းဆိုင်ရာများကိုသာ အဓိကထား လုပ်ဆောင် နေသည်မဟုတ်ဘဲ စွမ်းအင်အသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်လိုက်လျောညီထွေရှိမှုများကိုပါ ဦးစားပေး စဉ်းစား လုပ်ဆောင်နေပါတယ်။ Davos တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကုမ္ပဏီပေါင်း ၁၀၀ ကသာ သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို ကိုယ်စားပြုဆောင်ရွက်နေသည့် ကုမ္ပဏီ ၁.၃ရာခိုင်နှုန်းတွင် ပါဝင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၇,၅၀၀ ကျော်မှာ Corporate Knight ၏ စံသတ်မှတ်နှုန်းများဖြင့် စကာတင်အဆင့်တွင် ပါဝင် ခဲ့ပါတယ်။ Electrolux အမှတ်တံဆိပ်မှာမူ ရာသီဥတုပြောင်းလဲခြင်း၊ ထိခိုက်မှု ဖြစ်ပွားစေခြင်းတို့ကို အနည်း ဆုံးလျော့ချပေးထားပြီး ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ၂၀၁၉ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ non-profit CDP မှ ပေးအပ်သည့် ရာသီဥတုဆိုင်ရာပြောင်းလဲခြင်းကိုထိန်းသိမ်းကာကွယ်ပေးသော ဆုကို ရရှိထားခဲ့သည့်အပြင် နှစ်အလိုက်ပေးအပ်သည့် RobecvcoSAM’s Sustainability Yearbook အတွက် ရွှေ အဆင့်ဆုတံဆိပ်ကိုလည်း ရရှိပိုင်ဆိုင်ထားသည်။ Electrolux မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကူညီသည့် ဈေး ကွက်ဦးဆောင် အိမ်သုံးလျှပ်စစ်ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို ၆၆ ရာခိုင်နှုန်းအထိ လျှော့ချကာ ရာသီဥတုထိန်းသိမ်းခြင်းကို အဓိကဦးတည်ချက်ထား ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ထုတ်ကုန်များလည်း ဖြစ်ပါတယ်။
ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီဖြစ်သည့် အထိမ်းအမှတ်အနေဖြင့် “100 years of bonding through sustainable innovation” အမည်ရှိ ကံစမ်းမဲအစီအစဉ်ကို Electrolux မှ ၎င်းကိုအားပေးသုံးစွဲသူများအား ကျေးဇူးတုန့်ပြန်သောအားဖြင့် မြန်မာငွေ ကျပ်တစ်သိန်းဝယ်ယူသူတိုင်းအတွက် ဆုကြီး ၁၀၀ နှင့် အခြားဆုမဲပေါင်းများစွာ ကံစမ်းနိုင်မည့် ကံစမ်းမဲကူပွန် များကို မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်သွားမှာပါ။ အဆိုပါကံစမ်းမဲအစီအစဉ်ကို ယခုလ စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Electrolux ထုတ်ကုန်များကို အမြို့ မြို့ အနယ်နယ်ရှိ Wai Yan Electronics၊ Living Square ၊ မျိုးသိန်းအီလက်ထရောနစ်၊ Pro 1 Global Home Center Myanmar ၊ Ocean Super Center ၊ Marketplace by city mart နှင့် မြန်မာနိုင်ငံအနှံ့အပြား ရှိ အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင်များ အားလုံးတွင် ဝယ်ယူ ရရှိနိုင်ပါပြီ။ Electrolux ပတ်သက်၍ထပ်မံ သိရှိလိုပါက Electrolux Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/ElectroluxMM/ (သို့) www.electrolux.co.th (သို့) ဆားဗစ်စင်တာဖုန်းနံပါတ် – ၀၉ ၉ ၇၄၀၀၅၀၈၅၀ (သို့) သုံးစွဲသူဝန်ဆောင်မှု စင်တာ ဖုန်းနံပါတ် – ၀၁-၅၅၆၉၉၇၊ ၀၁-၅၄၄၆၆၄ Ext: ၃၂၃၊ ၃၂၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။








