ဘိုဆန်ဆန် အပြင်အဆင်သားနားတဲ့ ဆိုင်လေးမှာ မြန်မာ့အကောင်းဆုံးသော မနက်စာတွေ စားချင်လား။ Four tomatoes ဆိုတဲ့ ဆိုင်လေးရှိတယ်နော်။ 48St နဲ့ Mahar Bandula လမ်းထောင့်မှာ တည်ရှိပြီး သွားလာလာရ ကားပါကင်ထိုးရ အတော်အဆင်ပြေပါတယ်။
မန္တလေးအစာကြိုက်တတ်တဲ့သူလား။ အကောင်းဆုံးမြန်မာအစားအစာကို အရသာခံချင်သူလား။ နိုင်ငံခြားသားဧည့်သည်ကို သန့်ရှင်းသပ်ရပ်တဲ့
Local food လေးတွေ ကျွေးဖို့ ဈေးသိပ်မကြီးပဲ အဆင့်အတန်းမြင့်တဲ့ ဆိုင်ရှာရခက်နေလား။
ဖိုးတီ(Four Tomatoes) ကိုသာ အပြေးသွားလိုက်ပါတော့။ ဆီသန့်ထပ်တရာကောင်းကောင်းကို ၈၀၀ ကျပ်ကစပြီး နီပြစ်ပြစ် လက်ဖက်ရည်တစ်ခွက် ၇၀၀ ဆိုတော့ ၁၅၀၀ လောက်နဲ့ Perfect မနက်ခင်းလေးကို ဖန်တီးလို့ ရပြီလေ။
- ကောက်ညှင်းပေါင်း၊ ငချိပ်ပေါင်း
- မန္တလေးမြီးရှည်- သူနဲ့ လိုက်ဖက်တဲ့ ဖက်ထုပ်ကြော်
- ခိုတောင်မုန့်တီ၊ အကြော်စုံ
- ဒံပေါက်၊ တောကြက်ဆီထမင်း
- မန္တလေးထမင်းသုတ်၊ မန္တလေးထမင်းပေါင်းစစ်စစ်
- ပဲပြုတ်ထမင်းကြော်၊ ပဲဒီစိမ်းဒိန်ချဉ်ထမ်း
ဒီလို ဒီလို နာမည်ကြီးလှတဲ့ မြန်မာ့ရိုးရာအစားအစားများကိုလည်းရနိုင်ပါသေးတယ်။
ဆိုင်ရှင်ရဲ့ ရည်ရွယ်ချက်ကိုက မြန်မာ့ရိုးရာအစားအစာတွေကို အဆင့်အတန်းမြင့်မြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ အထူးညီညွတ်အောင် ပြင်ဆင်ချက်ပြုတ်ပြီး စေတနာအပြည့်နဲ့ တည်ခင်းချင်တဲ့ ဆန္ဒလေးပါ။
လတ်တလော နာမည်ကြီးနေတဲ့ အကြော်တစ်ပွဲ ၂၀၀၀ ဈေးကြီးတယ်ဆိုတာလေးလည်း စိတ်ဝင်စားလို့ မြည်းစမ်းကြည့်ဖြစ်တယ်။ စားလိုက်တဲ့အခါ ကျွတ်ရွနေပြီး ဆီမသန့်လို့ လျှာပေါ်မှာ တမျိုးဖြစ်နေတဲ့ ခံစားချက်ကိုမရဘူး။ အကြော်မှာအဓိက က ဆီပါပဲ။ သာမန်ဆီထက် နှစ်ဆပိုဈေးကြီးတဲ့ ဆုံပဲစည်စစ်စစ်ကို အသုံးပြုထားပြီး လမ်းဘေးက အကြော်ဆိုင်တွေလို တခါကြော်လည်း ဒီဆီ နောက်တခါကြော်လည်း ဒီဆီ ထပ်ထပ်သုံးတာမျိုးမလုပ်ပါဘူး။
နောက်အကြော်တွေထဲမှာသုံးတဲ့ မတ်ပဲ၊ ကုလားပဲတွေကို ကိုယ်တိုင်ကြိတ်လို့ အရောအနှောကင်းတဲ့အပြင် အကြော်မှုန့်ကိုလည်း Ready made ထုတ်တွေကို သုံးထားတာမဟုတ်ပါဘူးနော်။
အရသာကတော့ စားနေကျ အကြော်တွေနဲ့ လုံးဝမတူပါဘူး တန်ပါတယ်ဗျာ။ ကိုယ့်မြန်မာ့ရိုးရာအစားစာပဲ ဒီလို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် တည်ခင်းပေးတာ နိုင်ငံခြားသားတွေဆို တော်တော်သဘောကျကြတယ်ပြောတယ်။ မြန်မာတစ်ယောက်အနေနဲ့ ဂုဏ်တက်ရတယ်လို့ ထင်တာပါပဲ။
မန္တလေးမြီးရှည်
မြီးရှည်ဖတ်ကို မန္တလေးက တိုက်ရိုက်နေ့တိုင်းမှာယူ အကုန်အကျခံပြီး ရောင်းချပေးနေတာတဖြစ်ပြီး သုံးတဲ့ဆီ၊ အရောင်တင်ကအစ Organic ကိုသာ သုံးထားတော့ စားရတာ ခံတွင်းတွေ့မိတာအမှန်ပဲ။ အသားဆိုလည်း နူးညံ့လွန်းပြီး အသားချည်းပဲ ဖြစ်လို့ စားရတာအားရပါးရ ရှိပါတယ်။ ဟင်းရည်ကတော့ ကြက်သားအရိုး၊ ဟင်းသီးဟင်းရွက်များကို အချိုးညီညီရောစပ်ပြီး အချိုမှုန့်လုံးဝမသုံးဘဲ ကြိုထားလို့ မြန်မာပါးစပ်နဲ့ဆို အနည်းငယ်ပေ့ါပေမယ့် မြီးရှည်နဲ့ တွဲလိုက်တော့ အစပ်အဟတ်တည့်လွန်းပါတယ်။
ခိုတောင်မုန့်တီ
ခိုတောင်မုန့်တီစစ်စစ်ကိုလည်း မြည်းစမ်းကြည့်သေးတယ်။ မူလခိုတောင်မုန့်တီချက်ပြုတ်နည်းကို အသုံးပြုထားပြီး ပိုစနစ်ကျပြီး သန့်ရှင်းတဲ့ နည်းမျိုးနဲ့ အရသာကတော့ ရှယ်ပဲ။
ဒံပေါက်ကတော့အကြိုက်ဆုံးပါပဲ
အရမ်းကြီး အဆီမများတဲ့အပြင် အကောင်းစား ထောပတ်ကိုသာ သုံးထားတယ်လို့သိရတယ်။ ဒံပေါက်မှာဆိုလည်း အချိုဓာတ်က ကြက်သွန်ကနေ သေချာအထပ်ထပ်ပေါင်းပြီးရလို့ အရသာက သာမန်ချိုတာမျိုးနဲ့မတူဘဲ ထူးခြားနေတာပါ။ တလုတ်စားမိတိုင်း ကောင်းလိုက်တာဆိုပြီး ဖြစ်သွားတာ။ အထဲမှာ သုံးထားတဲ့ စပျစ်ခြောက် ဗာဒံတွေကလည်း အမျိုးအစားကောင်းတွေပါပဲ။ Homemade ဒံပေါက်ပေါ့။ ဒီလိုကျန်းမာရေးနဲ့အထူးညီညွတ်ပြီး ရှယ်ဒံပေါက်က တစ်ပွဲကို ၃၅၀၀ ဆိုတော့ တော်တော်လေးကို တန်ပါတယ်။
Pork Goyza ခေါ် ဝက်သားဖက်ထုပ်ကြော်
သူကတော့ စားဖူသမျှဖက်ထုပ်ထဲမှာ ခံတွင်းအတွေ့ဆုံးပဲ။ ဝက်သားအပြင် နူးညံ့တဲ့မှိုတို့ပေါင်းစပ်ထားတယ်။ Deep Fried မဟုတ်ပဲ Ovenထဲ Crisp ဖြစ်အောင် လုပ်ထားလို့ ဆီကြောက်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။
ဖိုးတီက အိမ်လုပ်ဒိန်ချဉ်ကိုတော့ အတော်သဘောကျမိတယ်။ ပျားရည်နဲ့လား ထန်းညက်နဲ့လား ကြိုက်တာတွဲစပ်သောက်နိုင်ပြီး အရသာရှိတဲ့ အသီးခြောက်လေးတွေပေါင်းစပ်ထားတော့ လျှာလည်သွားတာပေ့ါ။
ဖိုးတီမှာ အစားအသောက်အားလုံးက Portion-controlled ဖြစ်တဲ့အတွက် ဟင်းတစ်ခွက်မှာပါတဲ့ ပမာဏကတော့ အရမ်းမများပါဘူး။ အစားအသောက်ထဲမှာ ထည့်သုံးထားတဲ့ ပါဝင်ပစ္စည်း(ဆီအစ အရောင်အဆုံး) ပုံမှန်ထက် နှစ်ဆသုံးဆ ဈေးကြီးတာကို အသုံးပြုထားတာကြောင့် ဖြစ်ပါတယ်။
ဆိုင်အပြင်အဆင်ကလည်း တကယ့်ကို ဘိုဆန်ဆန်လေးပါ။ သပ်သပ်ရပ်ရပ်အေးဆေးဆေးဆေးရှိလှတယ်။ ဓာတ်ပုံရိုက်ဖို့လည်း အလင်းကောင်းလို့ အရမ်းအဆင်ပြေတယ်။ ၄၈ လမ်းထိပ်ဆိုတော့ လမ်းဆုံဘက်မှာကျပြီး သွားလာရလွယ်ကူတယ်။ Hygiene ဖြစ်တယ်။ သဘာဝအရောင်နဲ့ Homemade နည်းအတိုင်း ဦးစားပေးထားလို့ ကျန်းမာရေးလိုက်စားတဲ့သူတိုင်း သွားသင့်တဲ့ဆိုင်ပါပဲ။
ဖိုးတီက အစားအသောက်တွေ ကြိုက်လွန်းလို့ Lunch Box မှာယူစားသုံးကြတဲ့သူတွေတောင်ရှိပါတယ်။ မြန်မာထမင်းဟင်းတွေကို စိတ်တိုင်းကျပြင်ဆင်ပေးတယ်လို့ သိရတယ်။ ဒါ့အပြင် ဖိုးတီဒံပေါက်ကို မင်္ဂလာဧည့်ခံပွဲ သုံးလေးပွဲလောက်မှာ တည်ခင်းဖို့ မှာယူကြတယ်လို့လည်း ပြောပြပါတယ်။
အခုလတ်တလောမှာတော့ ညနေပိုင်းအထူးစပယ်ရှယ် မီနူးအတွက် ပြင်ဆင်နေသေးတယ်ဆိုတော့ မနက်ခင်းစာ မြန်မာစာစစ်စစ်၊ နေ့ခင်းထိလည်း နေ့လည်စာမြန်မာထမင်းဟင်းများအပြင် ညခင်း Night out ထွက်ချင်သူတို့အတွက် ဘီယာ ၀ိုင် ပရိုးရှင်းများ စသည်ဖြင့် မရိုးရအောင် ပြင်ဆင်နေပါသေးတယ်တဲ့။
လက်မနှေးပဲ အမြန်သွားပြီး ဖိုးတီရဲ့ သူမတူကောင်းမွန်တဲ့ အစားအသောက်များကို မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
















