မြန်မာနိုင်ငံ၏ အကောင်းဆုံးစားသောက်ဆိုင်တစ်ခုအဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစားအသောက်သုံးသပ်သူများက သတ်မှတ်ခံထားရသည့် နာမည်ကြီးစားသောက်ဆိုင်တစ်ခုဖြစ်သော ရွှေစားပွဲစားသောက်ဆိုင်သည် ဆိုင်ပြန်လည်မွမ်းမံခြင်း (၂) လကြာ လုပ်ဆောင်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် စားသောက်ဆိုင်ကို ပြန်လည်ဖွင့်ခဲ့ပါတယ်။ အဆိုပါ မြန်မာနိုင်ငံရှိ အနာဂတ်အခွင့်အလမ်းနည်းပါးသူ လူငယ်များအတွက် စားဖိုမှူးများနှင့် စားသောက်ဆိုင်မန်နေဂျာများအတွက် သင်တန်းကျောင်းတစ်ခုဖြစ်သော ဆိုင်ဖွင့်ပွဲအခမ်းနားသို့ မြန်မာနာမည်ကြီး အနုပညာရှင်များက တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

ရွှေစားပွဲစားသောက်ဆိုင်ကို ပူးပွဲပိုင်ဆိုင်သူ၊ စားဖိုမှူးချုပ်နှင့် ခေါင်းဆောင်သင်တန်းဆရာဖြစ်သူ Chef Davy က “ကျွန်တော်တို့ကတော့ ဆန်းသစ်တီထွင်မှုနဲ့ တိုးတက်ကောင်းမွန်ဖို့အတွက် ကန့်သတ်ချက်တွေမရှိဘူးလို့ ယုံကြည်ပါတယ်။ ရန်ကုန်ရဲ့ အကောင်းဆုံး စားသောက်ဆိုင်အဖြစ်နဲ့ ဖောက်သည်တွေ့ရဲ့ အမြဲအားပေးမှုရဖို့အတွက် ကျွန်တော်တို့ စားသောက်ဆိုင် ပိုမိုကောင်းမွန်လာအောင် အများကြီးထပ်ကြိုးစားသွားပါမယ်” ဟု ဆိုပါတယ်။

ဆိုင်မွမ်းမံထားပြီးနောက်တွင် ရွှေစားပွဲစားသောက်ဆိုင်သည် ခေတ်မီပြီး ခန်းနားထည်ဝါမှုရှိသော Retro Style ပုံစံအသစ်ဖြင့် နွေးထွေး၍ သက့်တောင့်သက်သာရှိသော ဆိုင်ပတ်ဝန်းကျင် အဖြစ်ရှိနေပါတယ်။ မြန်မာနိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းတွင် (၁၀) နှစ်ကြာ လုပ်ကိုင်ထားခဲ့သည့် Davy နှင့် သူ၏သင်တန်းကျောင်းသားများက အစားအသောက်နှင့် ကော့တေးလ်များကို ခေတ်မီအောင် ပြန်လုပ်ထားပြီး အာရှဟင်းလျာများကို ဥရောပစာနှင့်အတူ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ရွှေစားပွဲစားသောက်ဆိုင်ကို အခင်းအကျင်းပုံစံအသစ်နဲ့ အစားအသောက်ပိုင်းကိုလည်း ခေတ်မီပြန်ပြောင်းထားပြီး ပိုကောင်းအောင်လုပ်ထားပါတယ်။ စားသုံးသူတွေလည်း ကျွန်တော်တို့နဲ့ သင်တန်းသားတွေကို ဆက်လက်အားပေးနေမယ်လို့ မျှော်လင့်ပါတယ်” ဟု Davy ကပြောပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ နာမည်ကြီးအဆိုတော် အမွန်းကလည်း “ကျွန်မဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ အနာဂတ်အခွင့်အလမ်းနည်းပါးသူ လူငယ်များအတွက် အနာဂတ်စားဖိုမှူးများနှင့် စားသောက်ဆိုင်မန်နေဂျာများကို သင်ကြားလေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းလည်းဖြစ်တဲ့ ရွှေစားပွဲစားသောက်ဆိုင်ရဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ကောင်းမှုလုပ်ငန်းတစ်ခုကို ပံ့ပိုးပြီး တစ်ချိန်မှာလဲ အရည်အသွေးမြင့် ကောင်းမွန်စွာချက်ထားတဲ့ ဟင်းလျာတွေကို အားပေးသွားမှာဖြစ်ပါတယ်။ လူတိုင်းကိုလည်းကူညီပံ့ပိုးပေးကျပါဖို့ တိုက်တွန်းချင်ပါတယ်။ အများကြီးမဟုတ်ပေ့မယ် သင်တန်းသားတွေအတွက်တော့ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်” ဟု ပြောကြားသွားပါတယ်။

လေ့ကျင့်ရေး သင်တန်းကျောင်း စားသောက်ဆိုင်ကို လည်ပတ်ကြည့်ရှုခဲ့ကြသော အနုပညာရှင်များ နှင့် မီဒီယာတို့သည် ယခုနှစ်အတွက် ဝန်ဆောင်မှုပေးခြင်းနှင့် စားဖိုဆောင်စီမံခန့်ခွဲခြင်းကို ပညာသင်ယူလျက်ရှိနေသာ ကျောင်းသားသစ် (၂၃)ယောက်၏ ဝန်ဆောင်မှုများနှင့် အလုပ်ကြိုးစားမှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြပါတယ်။ ကောင်းမွန်သော ဟင်းလျာများနှင့် ဝန်ဆောင်မှုများကြောင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဧည့်သည်များက သူတို့အား တစ်လခန့်သာ သင်တန်းတက်ထားသော ကျောင်းသူ/ကျောင်းသားများက ဝန်ဆောင်မှုပေးနေသည်ဖြစ်ကြောင်းကို ချီူးကြူးဂုဏ်ယူခဲ့ပါတယ်။ အလုပ်ရှုပ်နေသော်လည်း သင်တန်းသားများသည် ပီတိအပြုံးများဖြင့် ပျော်မြုးနေကြပါတယ်။

ရွှေစားပွဲစားသောက်ဆိုင်ကို ၂၀၁၁ ခုနှစ်မှစတင်တည်ထောင်ပြီး ယခုအချိန်အထိ ဝန်ဆောင်မှုပေးခြင်းနှင့် စားဖိုဆောင်စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ ကျောင်းသားပေါင်း (၂၀၀) ခန့်ကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်ပါတယ်။ တစ်နှစ်ကြာသင်ကြားရမည့် ဤသင်တန်းတွင် သင်တန်းသားများသည် ချက်ပြုတ်ပြင်ဆင်ခြင်းနှင့် စားဖိုးဆောင်ဆိုင်ရာ သီအိုရီများကို နေရာထိုင်ခင်းနှင့် သင်ကြားစရိတ် အခမဲ့ဖြင့် သင်ယူရမည်ဖြစ်ပြီး ၎င်းနောက်တွင်လည်း လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်ခြင်းနှင့် အခြေခံအင်္ဂလိပ်စာတို့ကိုလည်း လေ့ကျင့်ပေးသွားမည်ဖြစ်ပါတယ်။

မိမိဘာသာရပ်တည်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေစားပွဲသည် စားသောက်ဆိုင်လုပ်ငန်းမှ ရရှိသည့်ငွေဖြင့် သင်တန်းပေးခြင်း လုပ်ငန်းကို အထောက်အပံ့ပေးထားခြင်းဖြစ်ပါတယ်။ အဆိုပါ စားသုံးသူတို့မှာ အထူးကောင်းမွန်သည့် စားသောက်သုံးဆောင်ရသည့် အတွေ့အကြုံကို ခံစားလိုသည်သာမက မြန်မာလူငယ်များကို ပံ့ပိုးပေးရန်၊ မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၏ အနာဂတ်ကို အထောက်အကူပြုရန်လည်း စိတ်အားထက်သန်သူများ ဖြစ်ပါတယ်။ ရွှေစားပွဲမှ သင်တန်းပြီးဆုံးသွားသူ အများအပြားသည်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထက်ကရ စားသောက်ဆိုင်များ၊ ဟိုတည်များနှင့် အပျော်စီးမြစ်ကြောင်းသင်္ဘောခရီးစဉ်များတွင် အလုပ်လုပ်ကိုင်လျက် နေနေပါတယ်။

အရည်အသွေးမြင့် ဟင်းလျာများနှင့် အဖျော်ယမကာများကို ရောင်းချနေခြင်းဖြစ်သော်လည်း ပါဝင်ပစ္စည်းများကို ဒေသခံ စိုက်ပျိုးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူသည့်အတွက် ရွှေစားပွဲ၏ ဟင်းလျာဈေးနှုန်းများသည် ရန်ကုန်မြို့၏ Fine-Dining စားသောက်ဆိုင်အများစုထက် သင့်လျော်သည့်အနေအထားတွင် Three-course Dinner သို့မဟုတ် Tasting Menu အတွက် မြန်မာကျပ် ၅၀,၀၀၀ မှ ၆၅,၀၀၀ (၃၃ မှ ၄၃ ဒေါ်လာ) ၊ တစ်ဦးစာ Bistro Lunch နေ့လယ်စာအတွက် မြန်မာကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ (၁၀ မှ ၁၃ ဒေါ်လာ) ကျသင့်ပါမှာဖြစ်ပါတယ်။

ရွှေစားပွဲစားသောက်ဆိုင်အကြောင်း

ရွှေစားပွဲစားသောက်ဆိုင်သည် Myanmore ၏ အစားအသောက်သုံးသပ်သူများ၊ Myanmar Times နှင့် TripAdvisor မှ ဝင်ရောက်မှတ်ချက်ပေးသူများ၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ အကောင်းဆုံးစားသောက်ဆိုင်များအနက် တစ်ဆိုင်အဖြစ် သတ်မှတ်ခံရသော ရန်ကုန်မြို့၏နာမည်ကြီး စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အနာဂတ်အခွင့်အလမ်းနည်းပါးသူ လူငယ်များအတွက် ရွှေစားပွဲသည် အနာဂတ်၏ စားဖိုမှူးများ၊ စားသောက်ဆိုင်မန်နေဂျာများ မွေးဖွားရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ စားသောက်ဆိုင်တွင် လာရောက်သုံးဆောင်သူများအနေဖြင့် ကျေနပ်ဖွယ်အစားအစာများကို စားသုံးရင်း တစ်ဖက်တွင်လည်း အနာဂတ်၏ မျိုးဆက်တစ်ခုထံ ပညာနှင့် ကျွမ်းကျင်မှုများ လက်ဆင့်ကမ်း ဖြန့်ဝေပေးရခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ရသည့် ပီတိကိုပါ သုံးဆောင်နိုင်မည်ဖြစ်ပါတယ်။