စားဖူးသမျှ ဆိုင်တွေထဲမှာတော့ ခံတွင်းအတွေ့ဆုံးလို့ ပြောရမှာပေ့ါ။ အချိန်တိုအတွင်း နာမည်ကြီးလာတာ မဆန်းပါဘူးလေ။

Single Set ကို ၄၉၀၀ သာပေးရတဲ့ ပွဲမှာ ကြက်သား/၀က်သား/အသားလုံး ကြိုက်တာရွေး၊ အသီးအနှံစုံစုံလင်လင်၊ ထမင်းတစ်ပွဲ။ လက်မနှေးပဲ အမြန်သာဒိုးလိုက်တော့။ Combo Set မှာတော့ ပုဇွန် (သို့) ဂဏန်း အကောင်ကြီး ၃ ကောင်ရယ်၊ ထမင်း ၄ လုံးရယ်၊ အသီးအနှံစုံစုံလင်လင်၊ ရေသန့်တစ်ဗူးရယ်၊ သူ့ဈေးလေးကတော့ ၁၂၀၀၀ ပါပဲနော်။

အစပ် Level ကို ငါးဆင့်၊ အထုံအဆင့်ကိုလည်း 4 ဆင့်၊ အဆင်ပြေသလို ရွေးနိုင်တယ်၊ အရည်ပုံစံနဲ့လား၊ အသုပ်ပုံစံလား ကြိုက်တာရွေး။အကောင်းဆုံးမာလာရှမ်းကော အနှစ်ကိုသာ အသုံးပြုထားလို့ ရန်ကုန်မြို့တစ်ခွင်က နာမည်ကြီးမာလာရှမ်းကောဆိုင်တွေနဲ့တော့ ယှဉ်စရာကိုမလိုတာ။ ဆွေမျိုးမေ့စေတဲ့ အသုပ်မျိုးစုံ။

အကြိုက်ဆုံးကတော့ ၀က်ပေါင်ခြောက်အပ်မှိုသုပ်လေးပဲ။ စားလိုက်ရင် ထုပ်ထုပ် ထုပ်ထုပ်နဲ့ စွန်းမိုက်တယ်။ ဈေးနှုန်းလား ၂ထောင်စွန်းစွန်းလေးပဲ။ သုံးလေးငါးယောက်အသာလေးစားလို့ လောက်တယ်။ ပင်လယ်စာကြိုက်တတ်ရင် ပုဇွန်ပဲကြာဇံသုတ်ကလည်း တော်တော်လျာလည်စေမယ်။ ပြောင်းဖူးထောင်း၊ ငနီတူခြောက်သုပ်၊ ယိုးဒယားသဘောင်္သီးထောင်းတို့ကည်း ဈေးနှုန်း ၁၅၀၀ လောက်ပဲရှိပြီး ထိုင်းအရသာအတိုင်းပါပဲ။

ဘယ်မှာမှ မတွေ့ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ဒိုင်းနမိုက် ကြက်/ပုဇွန်ကြော်

သရေကျစေတဲ့ Spice up က မီနူးတွေထဲက တစ်ခုပဲ။ ကြက်သားကိုလုံးပြီး မုန့်နှစ်နဲ့ကြော်ထားတာကို အပေါ်က မာရိုးနစ်စမ်းပေးထားတာ။ တည်ခင်းပုံလေးကလည်း ထူးထူးခြားခြားပန်းကန်ထဲမထည့်ဘဲ ဖန်ခွက်ထဲမှာ ဒိုင်းနမိုက်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ထည့်ထားတယ်။

အရသာကလည်း မစားစဖူး အတော်ထူးတာ အသားတွေချည်းပဲပါတာ။ နှစ်ယောက်လောက် စားလို့ ရတယ်။ေဈးနှုန်းက ကြက်သားဆို 3000 ကျပ်၊ ပုဇွန်ဆို 4000 ကျပ်ပဲ။ တော်တော်တန်တယ်လို့ ပြောရမှာပေ့ါ။

စားပြီးသောက်ပြီးရင် အအေးဘက်ကို လာမယ် 

အကြိုက်ဆုံးအအီပြေ ခံတွင်းရှင်း Drinks လေးတွေ Soda Kiwi နဲ့ Mint Soda၊ ချစ်စဖွယ်ခွက်လေးတွေနဲ့ ရင်ခုန်ချင်စရာလေးတွေ၊ ဈေးနှုန်းကတော့ တန်တာ လက်ဖျားခါတယ်။ ၁၅၀၀ ပဲတဲ့။ နောက်တစ်ခေါက်သွားဖြစ်ရင်တော့ အရမ်းရောင်းကောင်းတယ်လို့ ဆိုတဲ့ Fruition Mountion(သစ်သီးရေခဲမုန့်) Cuties Red Vanilla ဆိုတာလေးတွေ မြည်းစမ်းကြည့်အုန်းမယ်။

ဆိုင်နေရာက သွားရလာရလွယ်ကူတဲ့ သတိပဠာန်လမ်း, ကျားကွက်သစ်ရပ်ကွက်တဲ့။ အနီးအနားဖုန်းဆက်မှာရင်လည်း အိမိအရောက်ပို့ပေးတယ်ပြောတယ်  ၀၉၄၂၉၀၆၇၃၉၃ ကိုဆက်သွယ်နိုင်တယ်နော်။

ဆိုင်အခင်းအကျင်းလေးက တကယ့်ကို Romantic ဆန်ဆန်လေး

ဆိုင်ထဲမှာ မီးလုံးလေးတွေကို ဖန်ပုလင်းလှလေးတွေနဲ့ နံရံကပ်စားချင်စရာ အစားအသောက်ဓာတ်ပုံတွေ ပန်းစည်းလေးရယ် ရုပ်သေးရုပ်လေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့ အကောင်းဆုံးပဲ။ ဆိုင်လေးက အရမ်းကြီးလည်း မကျယ်ဘူး။ ဆိုင်ထဲဝင်လိုက်တာနဲ့ နွေးထွေးတဲ့ ခံစားချက်လေးနဲ့ Decoration ကြောင့် ပြန်မထွက်ချင်လောက်အောင် ဖမ်းစားထားတယ်။ ဆိုင်ဝန်ထမ်းလေးတွေကလည်း အပြုံးချိုချိုနဲ့ ၀န်ဆောင်မှုကောင်းကောင်းပေးတော့ ဘ၀င်ကျတကယ်ကျမိတယ်။

MyFood Myanmar ရဲ့ Foodie တွေလည်း ဒီ Post မြင်ပြီးရင် သွားစားကြည့်ကြနော်။ ခနခန မရိုးအောင် သွားဖြစ်နေမှာ အာမခံတယ်။