စိတ်ကျေနပ်မှုအပြည့်အ၀ပေးနိုင်တဲ့ ၀န်ဆောင်မှု၊ အရသာကောင်းမွန်လှတဲ့ အစားအသောက်၊ လှပခန့်ညားတဲ့ ဆိုင်အပြင်အဆင်၊ အလွယ်တကူသွားလာနိုင်တဲ့ တည်နေရာ၊ အချိုသာဆုံး ဈေးနှုန်းတွေနဲ့ Wifi ကိုလဲ စားရင်းသောက်ရင်း ထိုင်သုံးနေလို့ ရမယ့်ဆိုင်မျိုးဆိုရင် စိတ်ဝင်စားကြမယ်ထင်တယ်။ ဆိုင်ရဲ့နေရာလေးကတော့ ကျောက်မြောင်းရဲ့ လူသိများလှတဲ့ ကျားကွက်သစ်လမ်းမကြီးပေါ်မှာပါ။ (အမှတ် ၁၂ , ကျားကွက်သစ်လမ်းနှင့် ဓမ္မစိန္တာလမ်းထောင့် ,ကျောက်မြောင်း, တာမွေမြို့နယ် )
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ 09-971 120754 ဖြစ်ပါတယ်။
ကျောက်မြောင်းထဲ ဗိုက်ဆာလို့ ဘယ်မှာစားရမလဲ ကြည့်နေရင်း ကျားကွက်သစ်ကဖေးဆိုပြီး တွေ့တာနဲ့ ဆိုင်အပြင်အဆင်ကလည်း အပြင်ကနေ ဆွဲဆောင်နေတာကြောင့် ၀င်သွားလိုက်မိတယ်။ မီနူးမှာ အမျိုးအစားစုံလင်တဲ့ အစားအသောက်တွေပြည့်နေရုံသာမက ထိုင်ခုံမှာ ထိုင်လိုက်ပြီဆိုတာနဲ့ အရသာရှိတဲ့ လီမွန်တီးကို Welcome Free Drink ဆိုပြီး ပေးသေးတယ်။ ၀န်ဆောင်မှုကတော့ ဆိုင်ပိုင်ရှင်ကိုယ်တိုင် ဘယ်အစားအသောက်ကောင်းတယ်ဆိုတာကို အသေးစိတ်သေချာပြောပြ၊ စားနေတုန်းလည်း အဆင်ပြေလား ဘာလိုအပ်သေးလဲမေးနဲ့ တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ဒါနဲ့ပဲ ညတိုင်း အဲဆိုင်မှာလည်း ၀ါးတီးသွားစွဲနေကျ ဖြစ်ခဲ့တယ်တို့ ဘာတို့ ပေါ့။ ဒါ့အပြင်ပိုကောင်းတဲ့ ၀န်ဆောင်မှုတစ်ခုက အိမ်တိုင်ရာရောက် Free Delivery ၀န်ဆောင်မှုပေးနေတာပါပဲ။ အမြဲတမ်း စားနေကျ ဖောက်သည် စားသုံးသူအတွက်အထူးအစီအစဉ်တစ်ခုလည်း VIP ကဒ်လေးလုပ်ထားပေးသေးတယ်။ အဲကဒ်လေးပြပြီး စားတိုင်း ၁၀ ရာခိုင်နှုန်း လျော့ပေးမှာဖြစ်ပါသည်။
နောက်ထပ် ကျားကွက်သစ်ကဖေးက အထူးဝန်ဆောင်မှုပေးနေတာလေးကိုလည်း မိတ်ဆက်ပေးချင်သေးတယ်။ ညစာစားပွဲ၊ မွေးနေ့ပွဲနဲ့ Anniversary စတဲ့ ပွဲတွေကိုလည်း အဲမှာ ကျင်းပလိ်ု့ ရတယ်တဲ့။ Decoration ကိုလည်း တာဝန်ယူပေးပြီး လက်ခ လုံးဝမယူပါဘူး။ လူ အယောက် ၅၀ ထိ ရနိုင်ပြီး အစားအသောက်မီနူးမျိုးစုံနဲ့ အချိန်အကန့်အသတ်မရှိ ဆိုင်ကို ငှားပေးမှာပဲဖြစ်ပါတယ်။ ဆိုင်ခန်းငှားခလည်း လုံးဝယူမှာမဟုတ်သလို ဘီယာဖြစ်ဖြစ် ၀ိုင်ဖြစ်ဖြစ် ပုလင်းယူချင်တဲ့ သူတွေအတွက်လည်း Bottle Charge, Table Charge ကောက်ခံမှာမဟုတ်ဘူးဆိုတော့ ဘာလိုသေးလဲနော်။ ပြီးတော့ အစားအသောက်ကလည်း အရမ်းကို သက်သာတာဖြစ်တဲ့အတွက် ငွေကုန်ကြေးကျ နည်းနည်းနဲ့ ညစာစားပွဲ မွေးနေ့ပွဲတွေကို အဆင့်အတန်းမြင့်မြင့်နဲ့ ခန်းခန်းနားနား လုပ်နိုင်မှာဖြစ်ပါတယ်။
ဆိုင်နဲ့ ပတ်သတ်တဲ့ အသေးစိတ်လေးတွေကတော့ …
အစားအသောက်
ဆိုင်ရဲ့ အဓိက ဆွဲဆောင်မှုအရှိဆုံးအစားအသောက်တွေကတော့ မထင်မှတ်ထားလောက်တဲ့ ဈေးနှုန်းနဲ့ ဝက်သားကိုကြိုက်နှစ်သက်သူတွေအတွက် အရသာရှိလှတဲ့ ၀က်လက်ပေါင်း၊ ရန်ကုန်က နာမည်အကြီးဆုံး မြိတ်ကပ်ကြေးကိတ်လို “ငါစားချင်တာ ဒီလိုကတ်ကြေးကိုက်ကွ” လို့ ပြောသွားရမယ့် ( မြိတ်ကတ်ကြေးကိုက်စစ်စစ် )၊
ပင်လယ်စာ ချစ်သူတွေအတွက်( ဂဏန်းမာဆလာ၊ ငါးသံပုရာပေါင်း၊ ငါးခဲပတ်၊ +++ )၊ အစားစားရင် ဟင်းချိုလေးနဲမှဆိုသူတွေအတွက်က ( ငါးခေါင်းဟင်းချို၊ ၁၂မျိုးဟင်းချို၊ စွန်တန်ဟင်းချို၊ +++ )၊
ရန်ကုန်မြို့ မှာ အကောင်းဆုံးလို့တောင် သတ်မှတ်မိတဲ့ ထမင်းပေါင်း၊ ခေတ်မှီသွားအောင်လို့ ဇလုံထမင်းလေးတောင် ပါလိုက်သေးတယ်။
ဒါ့အပြင် အခြား အသီးအရွက်ဟင်းပွဲတွေ၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်တွေလဲ စုံစုံလင်လင်ပါပဲ။ အမျိုးအစားစုံလင်လို့ ဘယ်တစ်ခုကို ရွေးရမလဲတောင် ဖြစ်သွားလိမ့်မယ်နော်။ ဈေးနှုန်းကလဲ အသက်သာဆုံးဖြစ်တာကြောင့် ပိုက်ဆံအိတ်ကို ပြန်စစ်စရာမလိုဘူး။ ကြိုက်သလောက်စား ကျသလောက်ရှင်း.. မှားလို့။ ကြိုက်သလောက်စား ကျသလောက်က ဈေးချိုတယ်လို့။
စားစရာကတော့ ဟုတ်ပါပြီ သောက်စရာကရော?
ဆိုင်ထဲ ၀င်ဝင်ချင်းကို အရသာရှိလှတဲ့ ဟုမ်းမိတ်ဖျော်ရည်ဖြစ်တဲ့ လီမွန်တီးကို Welcome Free Drink အဖြစ်တိုက်ပါတယ်။ အခြားကတော့ ရာသီပေါ်အသီးဖျော်ရည်တွေနဲ့ အချိုရည်မျိုးစုံလဲရနိုင်တယ်။ ကော်ဖီချစ်သူတွေအတွက်လဲ Cappuccino ,Cafe’ Latte , Americano ကော်ဖီတွေလဲ ပါအုံးမယ်နော်။
သန့်ရှင်းမှုကတော့ ပြောစရာမလိုပါဘူး။ Open Kitchen Type ဘက်ကို သွားထားပြီး အတွေ့အကြုံအများရှိတဲ့ အတော်ဆုံးစားဖိုမှုးတွေ တာဝန်ယူထားတယ်လို့ သိရပါတယ်။
၀န်ဆောင်မှုဘက်ကို သွားကြည့်အုံးမလား။
ဒါကတော့ အကြိုက်ဆုံးအပိုင်းပေါ့။ ဖော်ရွေတဲ့အပြုံး၊ ဂရုတစိုက်ရှိလှတဲ့ ၀န်ထမ်းများနဲ့ ဆိုင်ကို ၀င်လိုက်ကတည်းက အိမ်ကို ရောက်သွားသလို နွေးထွေးမှုကို ပေးမှာပါ။ Free Wi-Fi ဆိုတော့ ဘာလိုသေးလဲဗျာ။
ဆိုင်အပြင်အဆင်ကကော
ဘော်ဒါတို့ သဘောခွေ့သွားမှာ အမှန်အကန်ပဲ။ ဆိုင်အတွင်းမှာ လှပတဲ့ ပန်းချီကားချပ်လေးတွေ၊ ပုသိမ်ထီးနဲ့ အလှဆင်ထားတာလေးတွေ ၊ Selfie ဆွဲဖို့ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ ကွက်တိပဲ။ ကိုယ်တွေကတော့ လက်လွတ်မခံနိုင်ဘူး။ ဓာတ်ပုံတွေချည်းပဲ အားမနာတမ်း ရိုက်ခဲ့တာ။ လှပ၊ သပ်ရပ်တဲ့နေရာထိုင်ခင်း နဲ့ ဆိုတော့ ရှယ်ပဲ။ ဆိုင်အပြင်မှာကော? ဆန်းသစ်တဲ့ မီးအပြင်အဆင်လေးတွေနဲ့ မြန်မာဆန်ဆန်ဘက်ကို သွားထားတဲ့အတွက် အကြိုက်ဆုံး ဆိုင်အပြင်အဆင်ထဲက တစ်ခုပေ့ါ။












